နယူးယော့ခ်၊ ဇွန် ၁၈ ။ ။ အော်စကာဆုရှင်မင်းသား လီယိုနာဒို ဒီကာပီရိုလ်ကို စတော့ရှယ်ယာပွဲစားဟောင်း အန်ဒရူး ဂရင်းက “The Wolf of Wall Street” ဇာတ်ကားတွင် ၎င်းကို အကျင့်စာရိတ္တပျက်ပြားသော မူးယစ် ဆေးဝါး ရာဇတ်မှုကျူးလွန်သူတစ်ဦးအဖြစ် သရုပ်ဖော်ထားသည်ဟု တိုင်ကြားထားသော ကိစ္စနှင့် စပ်လျဉ်း၍ သက်သေထွက်ဆိုပေးရန် တရားသူကြီးက အမိန့်ထုတ်ပြန်ခဲ့သည်။
အန်ဒရူးဂရင်းက ယင်းဇာတ်ကားတွင် နစ်ကီ “ရူဂက်”ကို့စ်ကော့ဖ် ဇာတ်ကောင်စရိုက်သည် ၎င်းကို အခြေခံကာ သရုပ်ဖော်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂရင်းသည် လီယိုနာဒို သရုပ် ဆောင်ထားသော ဇာတ်ကားစရိုက် ဂျော်ဒန်ဘဲလ်ဖော့ တည်ထောင်ထားသော အကျိုးဆောင် ကုမ္ပဏီတွင် အလုပ်လုပ်ခဲ့သူတစ်ဦး ဖြစ်သည်။
“The Wolf of Wall Street” ရုပ်ရှင်ကားကို မာတင်စကော်ဆီဆီက ရိုက်ကူးထားပြီး လီယို နာဒိုက လက်တွေ့ဘဝတွင် ကလိမ်ကျသော စတော့ရှယ်ယာပွဲစား ဘဲလ်ဖော့အဖြစ် သရုပ်ဆောင်ထား ပြီး ဘဲလ်ဖော့၏ ဘဝအတွေ့အကြုံ မှတ်တမ်းအပေါ် အခြေခံရိုက်ကူးထားသည့် ရုပ်ရှင်ကားဖြစ်သည်။
ဂရင်းသည် Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ ၊ Red Granite Pictures ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ၊ လီယိုနာဒို၏ Appian Way ထုတ်လုပ်ရေးနှင့် Sikelia ထုတ်လုပ်ရေးတို့ အပါအဝင် ထုတ်လုပ်သူများကိုလည်း တရားစွဲဆိုထားသည်။
ဂရင်းက အဆိုပါရုပ်ရှင်တွင် ၎င်း၏ နာမည်ပြောင် ဝစ်ဝမ်နာမည်ကို ရူဂက်နာမည်အဖြစ် ပြောင်းလဲထားခြင်းဖြစ်ကြောင်းနှင့် ယင်းက ၎င်းအပေါ် လူအများ မယုံကြည်မှုများကို ဖြစ်ပေါ်စေခြင်း ကြောင်း ပြောကြားခဲ့သည်။
တရားခံရှေ့နေ့များက လီယိုနာဒိုသည် ဇာတ်ညွှန်းရေးသားခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့ပြီး ရုပ်ရှင်တွင် စွပ်စွဲထားသည့် အသေရေဖျက်သော အကြောင်းအရာ ပါဝင်ခြင်း သို့မဟုတ် ဖယ်ချန်ထား ခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ လီယိုနာဒိုသည် ဘယ်ဇာတ်ကောင်စရိုက်ကိုမဆို ဆုံးဖြတ်ခဲ့ခြင်းအပေါ် ပြောကြားခဲ့ခြင်း မရှိပေ။
“The Wolf of Wall Street” ရုပ်ရှင်ကားသည် ရုံတင်ပြသငွေ အများဆုံးရရှိခဲ့သည့် ရုပ်ရှင် ကားတစ်ကားဖြစ်ပြီး ၂၀၁၄ ခုနှစ်က အကောင်းဆုံးဓာတ်ပုံနှင့် လီယိုနာဒိုသည် အကောင်းဆုံး သရုပ်ဆောင်မင်းသားဆု အပါအဝင် အော်စကာဆု ငါးဆုကို ရရှိခဲ့သည့် ရုပ်ရှင်ကား ဖြစ်သည်။