လေကြောင်းခရီးစဉ်များတိုးချဲ့ပျံသန်းရန် စီစဉ်နေသည့် MNA လေယာဉ်အမှုထမ်းများအား သင်တန်းပေးနေ

လေကြောင်းခရီးစဉ်များတိုးချဲ့ပျံသန်းရန် စီစဉ်နေသည့် MNA လေယာဉ်အမှုထမ်းများအား သင်တန်းပေးနေ

မြန်မာအမျိုးသားလေကြောင်းလိုင်း MNA က ပြည်တွင်း နှင့် နိုင်ငံတကာ လေကြောင်းစရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် အစီအစဉ်ရှိနေပြီး MNA လေကြောင်းလိုင်း၏ လေယာဉ်အမှုထမ်းသင်တန်း ပထမအသုတ် ၁/၂၀၁၆ကိုလည်း ဇွန် ၉ရက်က ဖွင့်လှစ်ကာ မြန်မာအမျိုးသားလေကြောင်းလိုင်းရုံးချုပ်၌ သင်တန်းပေးနေပြီဖြစ်သည်။

သင်တန်းအား တက်ရောက်သူ ၂၇ ဦးတက်ရောက်ကာ ဇွန် ၉ ရက်မှ သြဂုတ် ၁ ရက်နေ့အထိ လေကျင့်သင်ကြားသွာမည်ဖြစ်သည်။

မြန်မာ့လေကြောင်းက ၂၀၁၆ မှ ၂၀၂၀ အတွင်း MNA လေကြောင်းလိုင်းအနေဖြင့် ATR 72-600 ၄ စီးနှင့် Boeing 737-800 ၇ စီးတို့ကိုလည်း ဖြည့်တင်းသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လေယာဉ်သစ်များဖြင့် ခရီးသစ်များ တိုးချဲ့ပြေးဆွဲရန် အသင့်ဖြစ်စေရေးအတွက် လူသားရင်းမြစ်များလိုအပ်ချက်များကို ဖြည့်ဆည်းကာ သင်တန်းများ ပေးနေခြင်းဖြစ်ပြီး ပြည်တွင်းသာမက ထိုင်းနိုင်ငံ ဘန်ကောက်ထိပါ စေလွှတ်သင်ကြားပေးနေကြောင်းလည်း သိရသည်။

MNA လေကြောင်းလိုင်းက လက်ရှိ အမှုထမ်း ၁၃၅ ဦးကို အဆင့်မြင့်သင်တန်းများ ပေးထားပြီး အမှုထမ်းသစ်များကိုလည်း ခေါ်ယူခန့်အပ်ရန် စီစဉ်လျက်ရှိသည်။

လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)တွင် ပြည်တွင်းနှင့် ဟောင်ကောင်၊ ဘန်ကောက်နှင့် စင်ကာပူကဲ့သို့ ပြည်ပခရီးစဉ်များအတွက် Boeing 737-800 NG ၃ စီး၊ 2 Embraer – 190 ၂ စီး၊ ATR ၅ စီး၊ Cessna Caravan ၄ စီးနှင့် Beech ၂ စီး စုစုပေါင်း လေယာဉ်စီးရေ ၁၆ စီးဖြင့် ဝန်ဆောင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required