ကိုကိုးကျွန်းတွင် ကျပ်သန်း ၅၀၀တန် မုန်တိုင်းဒဏ်ခံ အဆောက်အဦဆောက်လုပ်မည်

ကိုကိုးကျွန်းတွင် ကျပ်သန်း ၅၀၀တန် မုန်တိုင်းဒဏ်ခံ အဆောက်အဦဆောက်လုပ်မည်

ရန်ကုန်၊ ဇွန် ၂ ။           ။ ကိုကိုးကျွန်းတွင် ကျပ်သန်း ၅၀၀ တန် မုန်တိုင်းဒဏ်ခံ အဆောက်အဦ ၂ခု ကို ယခု ဘဏ္ဍာနှစ်အတွင်း တိုင်းအစိုးရက ဆောက်လုပ်ပေးသွားမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ်လွှတ်တော် ပုံမှန်အစည်းဝေးတွင် တိုင်းဒေသကြီး လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

"လူဦးရေ ၃၀၀စီ နားခိုနိုင်မည့် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံအဆောက်အဦး ၂ခုနဲ့ တစ်ခုလျှင် ကျပ်သန်း ၅၀၀နဲ့ စုစုပေါင်း ကျပ်သန်းတစ်ထောင်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ဆုံးဖြတ်ချက်နဲ့ လျာထားပြီး ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပေးမည်ဖြစ်ပါတယ်" ဟု ဒေါ်နီလာကျော်က ပြောသည်။

ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ကိုကိုးကျွန်းမြို့နယ်အတွင်း မုန်တိုင်းဒဏ်ခံ အဆောက်အဦး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ကိုကိုးကျွန်းမြို့နယ်သည် မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းတွင်ရှိသည့် မြို့နယ်တစ်ခုဖြစ်ပြီး လူဦးရေ ၁၀၀၀ ခန့်ရှိပြီး အမှတ် ၂၇ ရေတပ်စခန်း ဌာနချုပ်တည်ရှိရာ ကျွန်းတစ်ကျွန်းဖြစ်သည်။

အဆိုပါ မုန်တိုင်းဒဏ်ခံ အဆောက်အဦး တည်ဆောက်ရန် ရန်ကုန်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required