အီးယူမှ ထွက်ရေး မေတ္တာရပ်ခံပန်ကြားလွှာတွင် သြစတြီးယားလူမျိုး ၂၆၀,၀၀၀ကျော် လက်မှတ်ရေးထိုး

အီးယူမှ ထွက်ရေး မေတ္တာရပ်ခံပန်ကြားလွှာတွင် သြစတြီးယားလူမျိုး ၂၆၀,၀၀၀ကျော် လက်မှတ်ရေးထိုး
ဥရောပသမဂ္ဂ(အီးယူ)မှ နုတ်ထွက်ရန် သြစတြီးယားအစိုးရကို တိုက်တွန်းသော မေတ္တာရပ်ခံပန်ကြား လွှာတွင် သြစတြီးယားလူမျိုး ၂၆၀,၀၀၀ကျော်က......

ဗီယင်နာ၊ ဇူလိုင် ၃ ။      ။ ဥရောပသမဂ္ဂ(အီးယူ)မှ နုတ်ထွက်ရန် သြစတြီးယားအစိုးရကို တိုက်တွန်းသော မေတ္တာရပ်ခံပန်ကြား လွှာတွင် သြစတြီးယားလူမျိုး ၂၆၀,၀၀၀ကျော်က လက်မှတ်ရေးထိုးထားသည်။

ဇူလိုင်၂က သတင်းများအရ သြစတြီးယားနိုင်ငံသား ၂၆၁,၁၅၉ဦးသည်နိုင်ငံကို အီးယူမှထွက်ရေး ပန်ကြားလွှာတွင် လက်မှတ်ရေး ထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးခဲ့သည့် စုစုပေါင်းအရေအတွက်သည် နိုင်ငံတွင်း မဲပေးခွင့်ရှိသူအားလုံး၏ ၄ဒသမ၁၂ရာခိုင်နှုန်းရှိသည်။ နိုင်ငံ၏ စည်းကမ်းသတ်မှတ်ချက်အရ ဖြစ်နိုင်ဖွယ်ရာလူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ အခြေအတင်ဆွေးနွေး မှုပြုလုပ်ရေး တောင်းဆိုမှု အတွက် သတ်မှတ်စံမှာ လူ၁၀၀,၀၀၀သာ ဖြစ်သောကြောင့် သြစတြီးယားပါလီမန်သည် အီးယူမှထွက်ရေးနှင့်ပတ်သက်၍ လူထုဆန္ဒခံယူပွဲကိစ္စ မဖြစ်မနေဆွေးနွေးရမည်ဖြစ်သည်။

အီးယူမှထွက်ရေးတောင်းဆိုမှုမှာ Lower Austria ၏ဒေသများနှင့် Carinthia ၏ဒေသများတွင် လူကြိုက်အများဆုံးဖြစ်ပြီး ယင်းဒေသများတွင် ဖြစ်နိုင်ဖွယ်ရာမဲဆန္ဒရှင်များ၏ ၅ဒသမ၁၈ရာခိုင်နှုန်းနှင့် ၄ဒသမ၈၅ရာခိုင်နှုန်းအသီးသီးက ပန်ကြားလွှာတွင် လက်မှတ်ရေးထိုးခဲ့သည်။

ပန်ကြားလွှာကို စီစဉ်သူမှာ အသက် ၆၆ နှစ်အရွယ်ရှိ အငြိမ်းစားဘာသာပြန်တစ်ဦးဖြစ်သူ အင်ဂေရောက်ချာဆိုသူဖြစ်သည်။ ၎င်းက ပန်ကြားလွှာကို ကြီးမားသည့်ရလဒ်တစ်ခုဟု ခေါ်ဆိုခဲ့ပြီး ယင်း၏ အောင်မြင်မှုကို ဂရိအကျပ်အတည်းနှင့် တစ်စိတ် တစ်ပိုင်းအားဖြင့် ချိတ်ဆက်ပြခဲ့သည်။

၂၀၀၀ပြည့်နှစ်ကလည်း ရောက်ချာသည် အလားတူ ပန်ကြားမှုမျိုးကို စီစဉ်ခဲ့သေးသည်။ ထိုစဉ်က လက်မှတ်ရေးထိုးသူ မဲဆန္ဒရှင် အားလုံး၏ ၃ဒသမ၃၅ ရာခိုင်နှုန်းသာရှိခဲ့သည်။

ဂရိသည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်)သို့ ပေးရမည့် ယူရိုငွေ ၁ဒသမ၆ဘီလျံ( အမေရိကန်ဒေါ်လာ ၁ဒသမ၇၉ဘီလျံ) ဇွန် ၃၀တွင် နောက်ဆုံးထား၍ ဆပ်ရမည်ဖြစ်သော်လည်း မဆပ်နိုင်ခဲ့ပေ။ ထို့ကြောင့် ဂရိသည် အလုပ်တွဲ လုပ်သည့် သုံးပွင့်ဆိုင်ငွေချေးသူများဖြစ်သော အိုင်အမ်အက်ဖ်၊ ဥရောပဗဟိုဘဏ်နှင့် ဥရောပဗဟိုဘဏ်တို့နှင့် ဆွေးနွေးပွဲများ ပျက်ပြားပြီးနောက် အိုင်အမ်အက်ဖ်သို့ တရားဝင် အကြွေးမဆပ်နိုင်သည့် ပထမဆုံးဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required