သဘာဝဘေးအန္တရယ် ကြောင့် စပါးပျက်စီးရသည့် တောင်သူများအတွက် အစိုးရကထောက်ပံချေးငှားမှုပေးသင့်

သဘာဝဘေးအန္တရယ် ကြောင့် စပါးပျက်စီးရသည့် တောင်သူများအတွက် အစိုးရကထောက်ပံချေးငှားမှုပေးသင့်
ပုသိမ်ကြီး မြို့နယ်ရှိ စပါးခင်းများကို ရိတ်သိမ်းနေသည်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ ဘိုဘို မဇ္ဈိမ

ရန်ကုန် ၊မေ ၃ ။            ။ သဘာ၀ ဘေးအန္တရယ် ကြောင့် စပါးခင်းပျက်စီးရသည့် တောင်သူများအတွက် အစိုးရက လယ်ယာပေါင်နှံခွင့်ကို ထောက်ပံချေးငှားသည့်   အနေဖြင့်ခွင့်ပြုပေးသင့်ကြောင်း လွတ်လပ်သော တောင်သူလယ်သမားအသင်းချုပ် ဥက္ကဌ ဦးသိန်းအောင်က ပြောသည်။

စပါးစိုက်ပျိုးသည့် လယ်ယာမြေများကို တရားဥပဒေအရ တရားဝင် ပေါင်နှံရောင်း ချခွင့်ရှိသော်လည်း  ဘဏ်များက လယ်ယာမြေ ပေါင်နှံခြင်းကို လက်မခံဟု ၎င်းကဆက်လက်ပြောကြားသည်။

လွတ်လပ်သော တောင်သူလယ်သမား အသင်းချုပ် ဥက္ကဌ ဦးသိန်းအောင်က “ သဘာဝအန္တရယ် ဖြစ်လာရင် တောင်သူတွေက ပထမဦးစွာခံစားရတာပါ။ တောင်သူတွေရင်းနှီမြုပ်နှံထားတာတွေ ဆုံးရှုံးကုန်တာပါ။ အဲဒါတွေကို ပြန်လည်ထူထောင်ဖို့လိုပါတယ်။”ဟုပြောသည်။

သဘာ၀ ဘေးအန္တရယ် ခံစားခဲ့သည့် တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေး ပြန်လည်ထူထောင်ရန်   အပြင်မှ ပေါင်နှံချေးဌားမှုပြုလုပ်နေရခြင်းများလည်းရှိနေသည်ဟု ဦးသိန်းအောင်ကပြောသည်။

လက်ရှိအချိန်တွင် စံချိန်တင်ပူပြင်းခဲ့သည့် အယ်နီညို၊ လူနှင့်တိရစ္ဆာန်များပင် သေစေလောက်အောင် ရွာသွားခဲ့သည့် မိုးသီးကြွေကြမှုများကြောင့် လယ်ယာပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။
ဒေးဒရဲမြို့နယ်၊ သင်ပေါင်းချောင် ကျေးရွာ က စပါးစိုက်ပျိုးသည့် တောင်သူကိုကျော်ထက်က “ တောင်သူလယ်သမား တွေ သဘာ၀ ဘေးအန္တရယ် ကြုံလာရင် အစိုးရက ထောက်ပံငွေ ကူညီတာမျိုး မရှိသေးပါဘူး။”ဟုပြောသည်။

ယင်းအပြင် ဘဘာဝဘေးအန္တရယ်ကြောင့် လယ်ယာပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တောင်သူလယ်သမားများအတွက် မြို့နယ်အလိုက် အရန်မျိုးစပါးများထားရှိပေးသင့်သည် ဟုလည်း ကိုကျော်ထက်က အကြံပြုပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်မှု၊မိုးသီးကြွေကျမှုနှင့်လေပြင်းများတိုက်ခတ်ခဲ့ကြောင့် သီးနှံဧက ၁၂၈၁၅ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်ယူထား သောစာရင်းအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required