ဟုသ်ကိုတံတောင်ဖြင့်တွတ်ခဲ့သည့် ဖယ်လိုင်နီပွဲပယ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရ

ဟုသ်ကိုတံတောင်ဖြင့်တွတ်ခဲ့သည့် ဖယ်လိုင်နီပွဲပယ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရ

မေ ၂၊ မန်ချက်စတာ ။              ။ လက်စတာနောက်ခံလူ ရောဘတ်ဟုသ်မျက်နှာကိုတံတောင်ဖြင့်တွတ်ခဲ့သည့် ဖယ်လိုင်နီသည် လက်ကျန်ပွဲများကိုလွဲချော်ရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

ဘယ်လ်ဂျီယံကွင်းလယ်ကစားသမားသည် ဟုသ်၏လည်ပင်ကို တံတောင်ဖြင့်ဦးစွာတွတ်ခဲ့ပြီး မျက်နှာကိုလည်း တံတောင်ဖြင့်တွတ်ခဲ့ကြောင်း ရုပ်သံပြကွက်များက ဖော်ပြနေသည်။

ယင်းဖြစ်ရပ်ကို ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက မြင်တွေ့ခဲ့ခြင်းမရှိ၍ အစီရင်မခံခဲ့သော်လည်း ရုပ်သံမှတ်တမ်းကိုပြန်လည်စစ်ဆေးပြီး အရေးယူသည့် ပြစ်မှုစည်းမျဉ်းအရ သုံးပွဲပယ်ခံရမည့်အရေးနှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်။

ရော်ဘတ်ဟုသ်က ဆံပင်ဆွဲခဲ့သောကြောင့် ယူနိုက်တက်ကွင်းလယ်လူ ဖယ်လိုင်နီသည် ဒေါသဖြင့်တုန့်ပြန်ခဲ့ပုံရပြီး ကြမ်းတမ်းသည့်အပြုအမူ ဟု အက်ဖ်အေက ယူဆခဲ့လျှင် ပွဲပယ်ခံရမည်ဖြစ်သည်။

ယင်းဖြစ်ရပ်နှင့်အလားသဏ္ဍန်တူသည့်အဖြစ်အပျက်တစ်ခု ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပျက်ခဲ့ပြီး ဝက်စ်ဘရွန်းကစားသမား ယာကော့ကို ကြမ်းတမ်းစွာတုန့်ပြန်ခဲ့သည့် စပါးကွင်းလယ်လူ အလီသည် သုံးပွဲပယ်ခံခဲ့ရသည်။

ယခုအဖြစ်အပျက်တွင်လည်း ဖယ်လိုင်နီသည် ပြစ်ဒဏ်ချခံရပါက ယူနိုက်တက်၏လက်ကျန်လိဂ်ပွဲကိုလွဲရဖွယ်ရှိနေသည်။ သို့သော မေ ၂၁ တွင် ခရစ္စတယ်ပဲလေ့စ်နှင့်ကစားမည့် အက်ဖ်အေဗိုလ်လုပွဲကိုမူ ပါဝင်ကစားနိုင်မည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required