သတင်းယူခွင့် ကန့်သတ်ခံရသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ မီဒီယာသမားများကန့်ကွက်

သတင်းယူခွင့် ကန့်သတ်ခံရသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ မီဒီယာသမားများကန့်ကွက်
ဓာတ်ပုံ- စည်သူမောင်မောင်

ပုသိမ် ၊ဧပြီ ၂၈ ။            ။ တိုင်းအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲတွင် သတင်းယူခွင့် ကန့်သတ်ခံရသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး အခြေစိုက်သတင်းသမားများက ကန့်ကွက်ကြောင်း ကြေငြာချက်ကို ဧပြီ ၂၈ရက်နေ့ကထုတ်ပြန်ခဲ့သည်။

ကြေငြာချက်တွင်"သတင်းမီဒီယာများအားဝင်ခွင့်မပေးခြင်းမှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ဆောင်ခြင်းမဟုတ်ပဲ ဝန်ကြီးချုပ်ဦးမန်းဂျော်နီ မသိရှိကြောင်း ကျွနု်ပ်တို့ကြားသိရသည့်အတွက် ယခုဖြစ်ရပ်မှာ သတင်းမီဒီယာများနှင့်ပြည်သူတင်မြှောက်သော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွ့ဲကြား မရိုးသားသောစိတ်ဖြင့် ဝန်ထမ်းအချို့က ခလောက်ဆန်သည့်လုပ်ရပ်အဖြစ်ရှုမြင်ကြောင်း"ကြေငြာချက်တွင်ထည့်သွင်းဖော်ပြထားသည်။

"ကျွန်တော် တို့ ပိတ်ထားတယ် ကိစ္စကို သွားပြီးသက်ဆိုင်ရာကိုမေးနေတာ၊တိုင်းအတွင်းရေးမှူးဦးမောင်မောင်စန်းက ဖုန်းကို အသံဖမ်းတယ်ထင်ပြီး လက်ထဲက အတင်းလုယူတာ၊အခုလိုလုပ်တာ တိုင်းအစိုးရနဲ့မဆိုင်ဘူး ထွေအုပ်က လုပ်တာ"ဟု Myanmar Post Journal သတင်းထောက်ဦးစိုးမြင့်စိုးက မဇ္ဈိမသို့ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရနှင့် တိုင်းအဆင့်ဌာနဆိုင်ရာတွေ့ဆုံပွဲ သတင်းယူခွင့်ပိတ်ထားမှုအား သိရှိခြင်းမရှိကြောင်းနှင့် နောင်မဖြစ်အောင်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မန်းဂျော်နီက မီဒီယာများအားဧပြီလ၂၇ရက်နေ့တွင်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required