ဆိုင်းနိုင်းကျွန်းဆွယ်မြောက်ပိုင်းတွင် အီဂျစ်စစ်တပ်က စစ်သွေးကြွ ၃၅ ဦး သတ်ဖြတ်

ဆိုင်းနိုင်းကျွန်းဆွယ်မြောက်ပိုင်းတွင် အီဂျစ်စစ်တပ်က စစ်သွေးကြွ ၃၅ ဦး သတ်ဖြတ်

အစ္စမိုင်လီယာ၊ ဇူလိုင် ၃ ။          ။ ဆိုင်းနိုင်းကျွန်းဆွယ်တွင် နှစ်များစွာအတွင်း ကြောက်မက်အကောင်းဆုံး တိုက်ပွဲများဖြစ်ပွား ပြီးနောက် နောက်တစ်နေ့တွင် အီဂျစ်စစ်တပ်က ဆိုင်းနိုင်းမြောက်ပိုင်းတွင် စစ်သွေးကြွ ၃၅ဦးကို ဇူလိုင် ၂ရက်က သတ်ဖြတ်ခဲ့ သည်ဟု လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ယခုသတ်ဖြတ်ခံရသော စစ်သွေးကြွများတွင် ဇူလိုင်၁ရက်က တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့ကြပြီး ယင်းတိုက်ပွဲတွင် စစ်သွေးကြွ ၁၀၀နှင့် စစ်သား၁၀ ဦးသေဆုံးခဲ့သည်ဟု စစ်တပ်က ပြောကြားခဲ့သည်။ ဇူလိုင်၁ ရက်က သေဆုံးသူများတွင် စစ်သွေးကြွ စစ်မြေပြင်တပ်မှူးများပါဝင်သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

စစ်တပ်အကြီးအကဲ အက်ဘ်ဒဲလ်ဖာတာအယ်လ်စီစီက အစ္စလာမစ်သမ္မတ မိုဟာမက်မော်စီကိုဖြုတ်ချပြီးကတည်းက အိုင်အက်စ်နှင့် ပေါင်းစည်းထားသည့် ဆိုင်းနိုင်းအခြေစိုက် သောင်းကျန်းသူများသည် အီဂျစ်စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအပေါ် တိုးမြင့်တိုက်ခိုက်လာခဲ့သည်။

ဆိုင်းနိုင်းပြည်နယ်ရှိ အိုင်အက်စ်လိုလားသောအုပ်စုနှင့် အခြားစစ်သွေးကြွအဖွဲ့များသည် အီဂျစ်၊ အခြားအာရပ်နိုင်ငံများနှင့် အနောက်ကမ္ဘာအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ယခုအခါရွေးကောက်ခံသမ္မတစီစီက ပြောကြားခဲ့သည်။အစ္စရေး၊ ဂါဇာ ကမ်းမြောင်နှင့် စူးအက်တူးမြောင်းကြားရှိ ဆိုင်းနိုင်းကျွန်းဆွယ်တွင် စစ်သွေးကြွများ၏ အကြမ်းဖက်တိုက်ခိုက်မှု သိသိသာ သာမြင့်မားမှုက ယခုသီတင်းပတ်တွင် အီဂျစ်တွင် ဒုတိယမြောက်ကြီးမားသည့် တိုက်ခိုက်မှုကြီးဖြစ်သည်။

ဇွန် ၂၉က ကိုင်ရိုတွင် ကားဗုံးတစ်လုံးဖြင့် တိုက်ခိုက်မှုကြောင့် အစိုးရရှေ့နေချုပ်သေဆုံးခဲ့ရာ သောင်းကျန်းမှုများ စတင် ပြီးနောက်ပိုင်း အမြင့်ဆုံးအရာရှိသေဆုံးခြင်းဖြစ်သည်။

လေကြောင်းထောက်ကူရရှိသော အီဂျစ်စစ်သားများသည် ဆိုင်းနိုင်းမြောက်ပိုင်း ရှိတ်ခ်ဇူဝေးဒ်မြို့၏ တောင်ဘက်ရှိ စစ်သွေးကြွ စခန်းများကို တိုက်ခိုက်ခဲ့ပြီး စစ်သွေးကြွတို့၏ ယာဉ်များ၊လက်နက်သိုလှောင်ရုံများကိုဖျက်ဆီးနိုင်ခဲ့သည်ဟု လုံခြုံရေးသတင်း ရင်းမြစ်များက ပြောကြားခဲ့သည်။ ထို့အပြင် လမ်းများပေါ်တွင် စစ်သွေးကြွများက ထောင်ထားခဲ့သော ဗုံး၁၅လုံးကိုလည်း စနက် တန်ဖြုတ်နိုင်ခဲ့ပြီး ရှိတ်ခ်ဇူဝေးရဲစခန်းပတ်လည်အနားတဝိုက်ကို ရှင်းလင်းခဲ့သည်။

အစ္စရေးနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားသော အမေရိကန်၏ မဟာဗျူဟာမြောက်မဟာမိတ် အီဂျစ်သည် ကမ္ဘာလုံးဆိုင်ရာ အသက်သွေးကြော သင်္ဘောလမ်းကြောင်း စူးအက်တူးမြောင်းကို ထိန်းချုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required