“စစ်ကောင်စီဟာ အထွေထွေလက်နက်ချမှုနဲ့ စစ်ကိုအရှုံးပေးရတဲ့ အနေအထားကို ရောက်လာမှာပါ”

By (မဇ္ဈိမ)
01 November 2023
“စစ်ကောင်စီဟာ အထွေထွေလက်နက်ချမှုနဲ့ စစ်ကိုအရှုံးပေးရတဲ့ အနေအထားကို ရောက်လာမှာပါ”

စစ်တပ်ရင်း၊ တပ်ဖွဲ့တွေ လက်နက်ချမှု တိုးပွားလာတာနဲ့အမျှ စစ်ကောင်စီဟာ အထွေထွေလက်နက်ချမှုနဲ့ စစ်ကိုအရှုံးပေးရတဲ့ အနေအထားအထိ မလွဲမသေ ရောက်ရှိလာမှာဖြစ်တယ်လို့ စစ်ရေး- နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်၊ ကံမိုင်းဒေသမှာ အခြေချတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (၁၄၃) က ဒုတပ်ရင်းမှူးနဲ့ တပ်ခွဲမှူးတွေအပါအဝင် တပ်သား ၄၁ ယောက်ဟာ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဆီမှာ တပ်ရင်းလိုက် လက်နက်ချ ခဲ့တယ်လို့ MNDAA က ဒီနေ့ထုတ်ပြန်ပါတယ်။

မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့ရဲ့ စစ်ဆင်ရေးတိုက်ပွဲ နောက်ဆုံးအခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ရင်းလိုက် လက်နက်ချအလင်းဝင်လာတဲ့ အခြေအနေတွေနဲ့ လိုင်ဇာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်နေတဲ့အပေါ် အမြင် စတာတွေကို စစ်ရေး- နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို ကိုနောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required