စစ်တပ်ထုတ်ကုန်တွေ  မသုံးစွဲဖို့ လောင်းလုံးလူထုသပိတ် တောင်းဆို 

စစ်တပ်ထုတ်ကုန်တွေ  မသုံးစွဲဖို့ လောင်းလုံးလူထုသပိတ် တောင်းဆို 
Photo/DDMSC

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များကို ပြည်သူများ မသုံးစွဲ၊မရောင်းချရန် ထားဝယ်ခရိုင်ဒီမိုကရေစီ‌အရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး  စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

 ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် လောင်းလုံးမြို့တွင်းနေရာအချို့၌  "  ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်’ဆိုသည့်  ဘန်နာများ ကိုင်ဆောင်ပြီး အဆိုပါ လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

#စစ်တပ်ထုတ်ကုန်များမသုံးရေး
#လူထုသပိတ်
#DDMSC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required