နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂ အောက်တိုဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂ အောက်တိုဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်ရေး ချိုးဖောက်မှုများ ဥပဒေမဲ့သတ်ဖြတ်မှုများနှင့် မတရားညှင်းပန်းနှိပ်စက်မှုများကို အပြင်း အထန် ရှုတ်ချပြီး ပြစ်မှုကျူးလွန်မှုဖြစ်စဉ်များကို အသေးစိတ်မှတ်တမ်းတင်ပြီးနောက် တရားမျှ တမှုကို နည်းလမ်အမျိုးမျိုးနှင့် ဖော်ဆောင်နိုင်ရန် တစိုက်မတ်မတ်ကြိုး ပမ်းဆောင်ရွက်သွားမည် ထုတ်ပြန် ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာ၊ ဘူတာစုရပ်ကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးနှင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များနှင့် စာသင်ကျောင်းဆောင်ထိခိုက်ပျက်စီးခဲ့သည့် ဖြစ်စဉ် နှင့် ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချနေ ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို  ကော်မတီ နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာရှိသည့် မြို့နယ်ပြည်သူ့အုပ် ချုပ်ရေး အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး ကို အောက်တိုဘာ ၁ ရက် ပြုလုပ်ခဲ့ကြသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ချင်းယားကျေးရွာသို့ စစ်ကောင်စီတပ်မှ စစ်သင်္ဘောက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ )မှ တရားသူကြီးတဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။ 

  • ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံး ထိခိုက်မှုရှိကြောင်း PDF တောင်ပိုင်းစစ်ဒေသ နွေဦးစစ်သည်တော်များစစ်ကြောင်း (Spring Warriors Column) က ယနေ့ သတင်းထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ပျူစောထီး ဆိုသူများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ စစ်ကြောင်းထိုးနေသည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင် က ပြောသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့ပိုင်းရှိ တောင်ရွာသို့ အင်အား ၈ဝ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက်ပြီး အရပ်သား ၁ဝ ဦးထက်မနည်း ဖမ်းဆီးသွား ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘို - မန္တလေးလမ်းပိုင်းရှိ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ပြီး နောက် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်၍ ပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ 

  • စစ်ကိုင်းတိုင်း ကသာမြို့တွင် စစ်တပ်ထုတ်ကုန်များသယ်ဆောင်လာသည့် ကုန်တင်ယာဥ်တစ်စီးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းကုန်ပစ္စည်းများကို သိမ်းယူခဲ့သည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီကင်းဂိတ်များအား ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Myanmar Defense Force - Shwebo အဖွဲ့တာဝန်ရှိသူက ပြောသည်။ 

  • စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ အထိနာပြီးနောက် စစ်ကောင်စီတပ်က အရပ်သားတစ်ဦးသတ်ဖြတ်ကာ နှစ်ဦးကို ဖမ်းဆီးသွား ကြောင်း ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့ဘက်သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာ သော အကြမ်းဖက် စစ်တပ် သင်္ဘောများကို ရှေ့ထွက်မိုင်း၊ လက်နက် ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း People's Defense Force - South Monywa မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • ရန်ကုန်မြို့ နေရာအချို့တွင် တော်လှန်လူငယ်များက ဦးဆောင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ (အောက်တိုဘာ ၂) နံနက်က ပြုလုပ်ခဲ့ကြသည်။ 

  • ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ်ပါရမီလမ်းနှင့်သုမင်္ဂလာလမ်းထောင့် ကေတုမာလာကွေ့ မြို့နယ်လျှပ်စစ်ရုံး (မီတာရုံး)အနီး ယမန်နေ့ (အောက်တိုဘာ ၁)ညပိုင်းက ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများကပြောသည်။ 

  • ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ရာအိမ်မှူး ၁ ဦး စစ်သင်တန်းတက်ရန် သွားရောက်စဥ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) က တပ်ဖွဲ့ဝင် အမျိုးသားအယောက် ၂၀ နှင့် အမျိုးသမီး ၈ ဦးသည် လောက်ကိုင်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ လက်နက်နှင့် ခိုလှုံလာအကြောင်း စစ်ကောင်စီဘက် ထုတ်ပြန်ချက်သည် သတင်းမှားဖြစ်ကြောင်း MNDAA က ငြင်းဆိုလိုက်သည်။ 

  • ကချင်ပြည်နယ် မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်း မိုးမောက်မြို့နယ် အောင်ဂျာကျေးရွာအနီး၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက်က တိုက်ပွဲပြင်း ထန်ခဲ့ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ 

  • စစ်အာဏာရှင်စနစ်ကို မုန်းတီး၍ စစ်ကောင်စီတပ်ကို စွန့်ခွာပြီး CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)တပ်ဖွဲ့ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားက ပြောသည်။ 

  • ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ရှန်ထုန်းတောင်တွင် တပ်စွဲထားသော ခမရ ၄၃၈ ၊ ခမရ ၄၃၇ မှ စစ်သားများသည် ရိက္ခာယူရန် ဆင်းလာစဉ် KIA နှင့် AA တပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၅ ဦးကို အရှင်ဖမ်းဆီးရမိ ကြောင်းသိ ရသည်။ 

စစ်ကောင်စီ 

  • နိုင်ငံအတွင်း မြို့နယ် ၂၀ တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုကို စတင်ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သည်။ 

  • တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံတွင်း မွေးမြူတဲ့ရေထွက်ကုန်များကိုပါ GACC နည်းလမ်းဖြင့် တရားဝင်တင်ပို့တော့မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 

  • ယခု နှစ်အတွင်း မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် အွန်လိုင်းက တဆင့် လိမ်လည်မှုနှင့် လောင်း ကစားမှုတို့မှ ပြစ်မှုကျူးလွန်သူ ၂၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောသည်။ 

  • မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေဟာ ၅၆ .၂ သန်းရှိကြောင်း စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သည်။ 

အောက်တိုဘာ ၂ ရက် သုံးသပ်ချက် 

  • တရုတ်ဖိအားကြောင့် အကြမ်းဖက်စစ်ကောင်စီမှ မြန်မာနိုင်ငံထဲအခြေစိုက်ထားသည့် တရုတ်အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို အဖမ်းပြထားသော်လည်း စစ်ကောင်စီက ၎င်းတို့ ကိုယ်ကျိုးအတွက် ငွေလိမ်ဂိုဏ်း များကို အမြစ်ကနေ ရှင်းထုတ်ခြင်းမပြုလုပ်တာကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required