ကနီမြို့နယ် စစ်ဘေးရှောင်စခန်းတွင် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်

By KMN (မဇ္ဈိမ)
01 October 2023
ကနီမြို့နယ် စစ်ဘေးရှောင်စခန်းတွင် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် စစ်ဘေးရှောင်စခန်းတခုတွင် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သုံးည တိုင်တိုင် တော်လှန်ရေး ဇာတ်ကားများပြသပြီး  စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ကျင်းပခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူက မဇ္ဈိမကိုပြောကြားသည်။

"ဒုတိယအကြိမ်မြောက်လုပ်တာပါ။ ပြည်သူတွေ နိုးကြားတတ်ကြွစေဖို့ စည်းရုံးလှုံ့ဆော်တာ ၊ တော်လှန်ရေး ကာလ စိတ်ပင်ပမ်းနေတာတွေ ပြေလျော့လာအောင်ပါ" ဟု ၎င်းကဆိုသည်။

တော်လှန်ရေး ဇာတ်ကားများပြသခဲ့သည့် အပြင် တော်လှန်ရေး တေးသီချင်းများပြသခဲ့ပြီး
စစ်ဘေးရှောင် ပြည်သူ  ဦးရေ ၁ဝဝ ခန့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ် လူပ်ရှားမှုမှာ ပါဝင်ခဲ့ကြောင်းသိရသည်။

ကနီမြို့နယ်တွင် စစ်ဘေးရှောင် ဦးရေ  ၂၅ဝဝ ကျော်ခန့်မှာ ယာယီ စစ်ရှောင်စခန်းများတွင်နေထိုင်နေကြပြီး
စားနပ်ရိက္ခာ အကူအညီများလိုအပ်နေကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုထံက သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ကနီမြို့နယ်
#စစ်ဘေးရှောင်

ပုံအညွှန်း - ကနီမြို့နယ် စစ်ဘေးရှောင်စခန်းတခုတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူပ်ရှားမှုပြုလုပ်ခဲ့စဉ်  (ဓာတ်ပုံ - Pyae Aung Naing Kani)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required