ကိုးကန့် MNDAAက ဗိုလ်မှူးချုပ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ "ဝ" ပြည်နယ်သို့ ချစ်ကြည်ရေးခရီး သွားရောက်

By မိုးသောက်(မဇ္ဈိမ)
29 September 2023
ကိုးကန့် MNDAAက ဗိုလ်မှူးချုပ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ "ဝ" ပြည်နယ်သို့ ချစ်ကြည်ရေးခရီး သွားရောက်

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်  MNDAA  က ဗိုလ်မှူးချုပ်  Peng Kun ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ   "ဝ" ပြည်နယ်ကို ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ကြပါတယ်။

စက်တင်ဘာလ ၂၆ရက်နေ့မှာလာရောက်ခဲ့တာဖြစ်ပြီး ဆောင်းဦးရာသီ ပွဲတော်အချိန်ကာလ ချစ်ကြည်ရေးခရီးစဉ်သက်သက်သာဖြစ်တယ်လို့ UWSA- လားရှိုးမြို့ဆက်ဆံရေးရုံး၊ တာဝန်ခံ ဦးညီရမ်းက မဇ္ဈိမကိုပြောပါတယ်။

ကိုးကန့် ကိုယ်စားလှယ်အဖွဲ့ကို "၀" ပြည်နယ် အစိုးရနဲ့ ဝ တပ်မတော်တို့ကကြိုဆိုခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံတဲ့ချစ်ကြည်ရေးခရီးမှာ ဆွေးနွေးပွဲတွေလည်းပြုလုပ်ခဲ့ကြပြီးတော့ “တော်လှန်ရေးခရီးတွင် မျိုးဆက်ဟောင်း များထံမှ အမွေဆက်ခံခဲ့သော တော်လှန် ရေးချစ်ကြည်ရင်းနှီးမှုသည် မျိုးဆက် သစ် လူငယ်များထံ ဆက်လက် လက်ဆင့်ကမ်း သွားမယ်လို့ “ ပြောကြားခဲ့ကြတာရှိတယ်လို့ ကိုးကန့်သတင်းမှာဖော်ပြပါတယ်။

တည်းဖြတ်/တင်ဆက်- မိုးသောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required