အမှတ်(၁)စစ်ဒေသ၌  သြဂုတ်လအတွင်း တိုက်ပွဲ ၄,၀၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့၀င် ၃၀၀ ‌ကျော်သေဆုံးဟု  MOD ထုတ်ပြန်

By ရောင်နီ (မဇ္စျိမ)
21 September 2023
အမှတ်(၁)စစ်ဒေသ၌  သြဂုတ်လအတွင်း တိုက်ပွဲ ၄,၀၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့၀င် ၃၀၀ ‌ကျော်သေဆုံးဟု  MOD ထုတ်ပြန်
ပုံအညွှန်း - သြဂုတ်လ ၁၅ ရက်နေ့က ပုသိမ် မုံရွာလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်နှစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၀င်များ။ (ပုံ - NUG -MOD)

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၏ အမှတ် (၁) စစ်ဒေသတွင် သြဂုတ်လအတွင်း တိုက်ပွဲပေါင်း ၄၀၀ ကျော်ဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့၀င် ၃၃၀ ဦး သေဆုံးပြီး ၄၅၀ ခန့်ဒဏ်ရာရခဲ့ကြောင်း MODက ယနေ့ စက်တင်ဘာလ ၂၁ရက်တွင် သတင်းထုတ်ပြန်သည်။ 

MOD အမှတ် (၁) စစ်ဒေသဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့၌  ဖြစ်ပွားသောတိုက်ပွဲများအခြေအနေကို ထုတ်ပြန်အသိပေးခြင်းဖြစ်သည်။

အဆိုပါ ဒေသများရှိ စစ်ကောင်စီတပ်နှင့်  သြဂုတ်လအတွင်း ပစ်ခတ်တိုက်ခိုက်မှု ၁၈၉ ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၅၆ ကြိမ်အပါအဝင် စုစုပေါင်း တိုက်ပွဲ ၄၃၀ ကြိမ်ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်ဖွဲ့၀င်  ၃၃၀ ဦးသေဆုံးကာ ၄၅၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ထံမှ  လက်နက်မျိုးစုံ ရှစ်လက်၊ ဒရုန်း လေးစီး အပါအဝင် စစ်သုံးပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း MOD က ထုတ်ပြန် သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော် ၁၈ ဦးတော်လှန်ရေးအတွက် အသက်ပေးလှုခဲ့ကာ ၅၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆက်လက်ထုတ်ပြန်  ထားသည်။ 

အဆိုပါ တိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လတ်တလောတွင် MOD၏ အမှတ်(၁)စစ်ဒေသအတွင်း မကွေးတိုင်း၊ယောဒေသ၊ ဂန်ဂေါမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly