ပြည်တွင်းနှင့် နိုင်ငံတကာတွင် တရုတ်သမ္မတ ဝေဖန်ခံနေရ 

ပြည်တွင်းနှင့် နိုင်ငံတကာတွင် တရုတ်သမ္မတ ဝေဖန်ခံနေရ 

တရုတ်သမ္မတရှီကျင့်ဖျင်၏ မူဝါဒများသည် လူကြိုက်များမှုမရှိခြင်းကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာတွင် ဝေဖန်ခံနေရကြောင်း The Washington Post တွင် ဖော်ပြထားသည်။ 

စီးပွားရေးနှေးကွေးမှုက တရုတ်ပြည်သူများနှင့် သမ္မတကို အခက်ကြုံစေခဲ့ပြီး  နိုင်ငံ၏ လူဦးရေကလည်း ကျဆင်းနေသည်။ 

၂၀၁၈ခုနှစ်တွင် ရှီက နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့ပြီး တရုတ်အား ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံတစ်ခု ဖြစ်လာစေရေးအတွက် ဦးဆောင်မှုပေးခဲ့သော်လည်း လက်ရှိအခြေအနေမှာ ဆန့်ကျင်ဘက်ဖြစ်နေသည်။ 

 မက်ခရိုစီးပွားရေးအချက်အလက်နှင့် စီးပွားရေးတိုးတက်သည့်ကာလများကိုသာ ကြုံတွေ့ခဲ့ရသော မျိုးဆက်သစ် လူငယ်များ၏ အကောင်းမြင်မှုများမှာလည်း ကျဆင်းလာနေသည်။ 

ကပ်ရောဂါ၏ ပြင်းထန်သော ပိတ်ဆို့ကန့်သတ်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးထိခိုက်မှုများမှ ကောင်း စွာ နာလန်မထနိုင်သေးဘဲ ဒုက္ခရောက်နေသောအိမ်ခြံမြေကဏ္ဍကြောင့် အခြေအနေ ပိုမို ဆိုးရွားစေခဲ့ကြောင်း The Washington Post က ဖော်ပြခဲ့သည်။ 

ကဏ္ဍအားလုံးနီးပါးကို ရှီ၏ အာဏာရှင်ဆန်သော ချုပ်ကိုင်မှုကလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ 

"အစိုးရရဲ့ အရာအားလုံးကို ထိန်းချုပ်ခြင်းက နိုင်ငံရဲ့ တိုးတက်မှုကို နှေးကွေးစေပြီး မကျေနပ်မှုတွေ အမြောက် အမြားဖန်တီးခဲ့ပါတယ်" ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီမှ အကြီးတန်းသုတေသီနှင့် ဝါရင့်တရုတ်လေ့လာသူ အိုင်အန်ဂျွန်ဆင်က ရေးသားခဲ့သည်။ 

မကြာသေးမီက ပြုလုပ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ လူထုသဘောထားစစ်တမ်းများအရ အနောက်နိုင်ငံမဟုတ် သည့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံတစ်ချို့က နိုင်ငံတကာရေးရာများတွင် တရုတ်၏ လွှမ်းမိုးမှုအပေါ် အလွန်အဆိုးမြင်ကြကြောင်း တွေ့ရှိရသည်။ 

တရုတ်နိုင်ငံ၏ မူဝါဒက ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေးကို ထိခိုက်စေသည်။ 

မကြာသေးမီက အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂီနာရေမွန်ဒိုက တရုတ်သို့ လာရောက်ခဲ့ပြီး မသေ ချာမရေရာမှုများသည့် အခြေအနေများနှင့် တရုတ်အစိုးရ၏ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို ပြင်းထန်သော ထိုးနှက်ချက်များကြောင့် အမေရိကန် ရင်းနှီးမြှုပ်နှံသူများ၏ အမြင်တွင် တရုတ်တွင် “ရင်းနှီးမြှုပ်နှံရန် မဖြစ်နိုင် ကြောင်း” သတိပေးခဲ့သည်။ 

အာရှတွင် တရုတ်၏ အိမ်နီးချင်းများနှင့် အမေရိကန်က မဟာမိတ်များနှင့် မိတ်ဖက်များကွန်ရက်ကို စဉ်ဆက် မပြတ်တည်ဆောက်ခဲ့ပြီး တရုတ်၏ ရန်လိုသည့် အပြုအမူများကို စိုးရိမ်သည့်အတွက် ပူးပေါင်းဆောင်ရွက်မှု များမှာ ပိုမိုအားကောင်းလာသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required