စပိန်အသင်း ကမ္ဘာ့ဖလားဆွတ်ခူးပြီးနောက် ဂျနီဟာမိုဆိုကို နမ်းခဲ့တဲ့အတွက် ဝေဖန်ခံရတဲ့ စပိန်အက်ဖ်အေဥက္ကဌ လူးဝစ် ရူဘီယာလက်စ် ပြန်လည်တောင်းပန်

စပိန်အသင်း ကမ္ဘာ့ဖလားဆွတ်ခူးပြီးနောက် ဂျနီဟာမိုဆိုကို နမ်းခဲ့တဲ့အတွက် ဝေဖန်ခံရတဲ့ စပိန်အက်ဖ်အေဥက္ကဌ လူးဝစ် ရူဘီယာလက်စ် ပြန်လည်တောင်းပန်

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ လူးဝစ် ရူဘီယာလက်စ်ဟာ စပိန်အသင်း အမျိုးသမီးကမ္ဘာ့ဖလား ဆွတ်ခူးခဲ့အပြီး ဂျနီ ဟာမိုဆိုရဲ့ နှုတ်ခမ်းကို နမ်းခဲ့တဲ့အတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ရဲ့ ဗိုလ်လုပွဲမှာ အင်္ဂလန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် ဆုပေးပွဲအခမ်းအနားမှာ ရူဘီယာလက်စ်က ဟာမိုဆိုကို နမ်းခဲ့တာပါ။

"ကျမ ဒါကို မကြိုက်ဘူး"လို့ ဟာမိုဆိုက Instagram မှာ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ ကိုယ်စား ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရူဘီယာလက်စ်ကို ကာကွယ်ခဲ့ပါတယ်။

တနင်္လာနေ့မှာတော့ ရူဘီယာလက်စ်က "ကျနော် လုံးဝအမှားလုပ်ခဲ့မိပါတယ်။ အဲဒါကို ဝန်ခံပါတယ်။"လို့ ပြောပါတယ်။

"အဲဒီအချိန်က စိတ်လှုပ်ရှားပြီး ဖြစ်သွားခဲ့တာပါ။ မကောင်းတဲ့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ အဲဒီအခိုက်အတန့်မှာ ကျနော်တို့က သာမန်လို့ပဲ ထင်ပေမယ့် အပြင်မှာ ပွက်လောရိုက်သွားပါတယ်။"လို့ သူက ဆက်ပြောပါတယ်။

"ကျနော် တောင်းပန်းပါတယ်။ ဒီဖြစ်ရပ်ကနေ သင်ယူသွားမှာပါ။ ခင်ဗျာက ဥက္ကဋ္ဌ တစ်ယာက်ဖြစ်တဲ့အခါ ဂရုတစိုက်ပြုမှုနေထိုင်ရမယ်ဆိုတာ နားလည်ထားရပါမယ်။"

ရူဘီယာလက်စ်ဟာ စပိန်အစိုးရဝန်ကြီးတချို့ရဲ့ ဝေဖန်တာခံခဲ့ရပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဖိအားပေးမှုတွေ ကျရောက်နေပါတယ်။

အစိုးရဝန်ကြီး အိုင်းရင်း မွန်ထရိုက "ဒါဟာ အမျိုးသမီးတွေ နေ့စဉ်နဲ့အမျှ နာကျင်ခံစားရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံမျိုးပါ"လို့ ပြောပါတယ်။

စပိန်နိုင်ငံရဲ့ တန်းတူညီမျှရေး အရာရှိချုပ် မွန်ထရိုက အခုအချိန်အထိ ဒါကို “မမြင်နိုင်သေးဘဲ” အဲဒါက “ကျမတို့ ပုံမှန်မဖြစ်နိုင်တဲ့ အရာပါပဲ”လို့ ဖြည့်စွတ်ပြောဆိုခဲ့ပါတယ်။

“ခွင့်ပြုချက်မရှိဘဲ နမ်းတာဟာ ဖြစ်ပျက်နေကျ အရာလို့ ကျနော်တို့ မယူဆသင့်ပါဘူး”လို့ သူမက ဆိုပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်က နောက်ပိုင်း ထုတ်ပြန်တဲ့ မှတ်ချက်တွေမှာ စပိန်ရဲ့ ထာဝရဂိုးသွင်းသူ ဟာမိုဆိုက အဲဒီအခိုက်အတန့်က "ချစ်ခင်ရင်းနှီးမှုရဲ့ သဘာဝကျတဲ့ အပြုအမှုဖြစ်တယ်လို့"လို့ ပြောပါတယ်။

“ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်လို့ ပျော်ရွှင်မှု အပြည့်အ၀ ပေးစွမ်းနိုင်တာကြောင့် ဒါဟာ သူ့အလိုလိုဖြစ်လာတဲ့ အပြန်အလှန် အမူအရာပါပဲ”လို့ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရူဘီယာလက်စ်ရဲ့ လုပ်ရပ်တွေကို  'dimision ya' - အင်္ဂလိပ်လို 'resign now' ဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး စပိန်နိုင်ငံမှာ X (အရင်က Twitter)ပေါ် trend ဖြစ်နေပါတယ်။

ရူဘီယာလက်စ်က "တစ်ခုခုကို ဆင်နွှဲနေတဲ့ သူငယ်ချင်းနှစ်ယောက်ကြားက အနမ်းတစ်ခု"ဖြစ်ပြီး "ငတုံးတွေနဲ့ ငအတွေ"လို ဒါကို ခွဲခြားပြီး မြင်ခဲ့တဲ့သူတွေလို့  စပိန်ရုပ်သံလိုင်း COPE ကို ပြောခဲ့ပါတယ်။

“သူတို့ကို လျစ်လျူရှုပြီး ကောင်းမွန်တဲ့ အရာတွေကို ခံစားလိုက်ကြရအောင်”လို့ သူက ဆက်လက်ပြောပါတယ်။

စပိန်သတင်းစာ El Pais က "ဂျနီက ရူဘီယာလက်စ်ရဲ့ အနမ်းကို သဘောမကျဘူး၊ ငါတို့လည်း သဘောမကျဘူး"ဆိုတဲ့ ထိပ်စီးနဲ့ ဖော်ပြခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required