ဝမ်ပေါင်

By မဇ္ဈိမ 
10 August 2023
ဝမ်ပေါင်

ဝမ်ပေါင်နဲ့ ယမ်စီကုမ္ပဏီတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ရပ်တန့်ဖို့ သပိတ် အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။

 

တရုတ် ဝမ်ပေါင်ကုမ္ပဏီဟာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဖြစ်ပါတယ်။

 

စစ်ကောင်စီတပ်တွေဟာ အဆိုပါကုမ္ပဏီတွေရဲ့ စီမံကိန်း ဧရိယာတွေမှာ စခန်းချ၊ ကုမ္ပဏီ ကားတွေကို အသုံးပြုပြီး အနီးအနားက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့အပြင် ညအချိန်မှာ ကုမ္ပဏီဝင်းထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required