လူငယ်လူရွယ်တွေကြားမှာ ကေလို့ခေါ်တဲ့ ကတ်တမင်း (ketamine) ကို စိတ်အာရုံထင်ယောင်ထင်မှားနဲ့ မျောလွင့်လို့ကောင်းတဲ့ဆေးအဖြစ် စိတ်ထွက်ပေါက်အနေနဲ့ရော အပျော်သဘောပါ အလွယ်တကူသုံးနေကြတာ တွေ့ရပါတယ်။
ဒါကြောင့် ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ ကတ်တမင်း (ketamine) ရဲ့ အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ၊
အပျော်သဘောသုံးပေမယ့် အန္တရာယ်ရဲ့ သားကောင်ဖြစ်နိုင်တဲ့အခြေအနေတွေနဲ့ ရှောင်ရန်ဆောင်ရန်တွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။