စစ်တပ်ထုတ်ကုန်တွေ မသုံးဖို့ တိုက်တွန်းတဲ့  လောင်းလုံးမြို့လူထုသပိတ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
05 August 2023
စစ်တပ်ထုတ်ကုန်တွေ မသုံးဖို့ တိုက်တွန်းတဲ့  လောင်းလုံးမြို့လူထုသပိတ်

လောင်းလုံးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များ မသုံးစွဲရန် တိုက်တွန်းသည့် လူထုသပိတ်နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြုလုပ်ခဲ့သည်။

အဆိုပါ လူထုသပိတ်ကို ဩဂုတ်လ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် လောင်းလုံးမြို့ပေါ် နေရာအချို့၌  ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

DDMSC သပိတ်ကော်မတီဝင်များနှင့် ဒေသခံများက “‌‌ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်”စာသားပါ ဘန်ကိုင်ဆွဲပြီးချီတက်ခဲ့ကြသည်။

ဒေသခံပြည်သူများအပါအဝင် ပြည်သူလူထုတရပ်လုံးအနေနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို လုံးဝ (လုံးဝ) ရောင်းချခြင်း၊ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ကြဘဲ သပိတ်မှောက်သွားကြရန် အလေးအနက်တိုက်တွန်းလိုကြောင်း သပိတ်ဦးဆောင်သူများက တိုက်တွန်းခဲ့ကြသည်။

တနင်္သာရီတိုင်းအတွင်း ယခုရက်ပိုင်းတွင် တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required