အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုခရီးစဉ် မြန်မာ့အရေးဆွေးနွေးမည်

By မဇ္ဈိမ 
10 July 2023
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုခရီးစဉ် မြန်မာ့အရေးဆွေးနွေးမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ လာမယ့်သီတင်းပတ် အင်ဒိုနီးရှားခရီးစဉ်အတွင်း အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံရင် မြန်မာ့အရေးကိစ္စဟာ အဓိကဆွေးနွေးဖို့ အကြောင်းရပ်တခုဖြစ်မယ်လို့ နိုင်ငံခြားရေးဌာနတာဝန်ရှိသူက ပြောပါတယ်။ 

အာဏာသိမ်း မြန်မာစစ်ကောင်စီကို  အာဆီယံက ပြင်းထန်စွာ အရေးယူရန်  ဖိအားပေးမျှော်လင့်ထားပြီး မြန်မာစစ်ကောင်စီအပေါ် ပြင်းထန်စွာ အရေးယူရန်နဲ့  တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်ရဲ့ လုပ်ရပ်များကို ပြန်လည်တွန်းလှန်ရေး အာဆီယံနိုင်ငံများကို စည်းရုံးရန် အမေရိကန်က မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှဆိုင်ရာ ထိပ် တန်း နိုင်ငံခြားရေးဌာန အရာရှိ ဒန်နီရယ် ခရတန်ဘရစ်ခ်က ပြောကြားထားတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပါဝင်တက်ရောက်ဖို့ ဇူလိုင်လဒုတိယအပတ်မှာ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မှာဖြစ်ပါတယ်။

မြန်မာ့အရေးဟာ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှစတင်ကာ  အာဆီယံ ထိပ်သီးအစည်းအဝေးတိုင်း ဆွေးနွေးရတဲ့ အဓိကပြဿနာများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း  ပြောပါတယ်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required