သင်္ကြန်မဏ္ဍပ်လက်မှတ် ကြိုရောင်းဝယ်ခြင်း ကိစ္စများ ကာယကံရှင်များ ကိုယ်တိုင်ဖြေရှင်းရမည်

သင်္ကြန်မဏ္ဍပ်လက်မှတ် ကြိုရောင်းဝယ်ခြင်း ကိစ္စများ ကာယကံရှင်များ ကိုယ်တိုင်ဖြေရှင်းရမည်

ရန်ကုန်၊ ဧပြီ ၁ ။           ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားဖြစ်သြင်္ကန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြုတော့သည့်အတွက် လက်မှတ်ကြိုတင်ရောင်းဝယ်ခြင်း ကိစ္စနှင့်ပတ်သက်၍   ရောင်းသူနှင့်ဝယ်သူ ကာယကံရှင်များ ကိုယ်တိုင်ဖြေရှင်းရမည်ဟု ရန်ကုန်တိုင်းဒေသကြီးလုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။

ရန်ကုန်မြို့အတွင်း ယခင်နှစ်များကဲ့သို့ စီးပွားရေးမဏ္ဍပ်များ ဆောက်လုပ်ခွင့်မပြုရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က လမ်းညွှန်ခဲ့သည့်အပေါ် မေးမြန်းစဉ် ဝန်ကြီးက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း   ဖြစ်သည်။

" ခွင့်ပြုချက်မရပဲ လုပ်တာဖြစ်တာဆိုတော့ သူ့ဟာသူပဲ ရှင်းရမှာပေါ့။ သူ့ကဏ္ဍပဲလေ။ ဝယ်တဲ့လူနဲ့ ရောင်းတဲ့ လူနဲ့သူ့ ပါစင်နယ် ကိစ္စပဲ" ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်း က ပြောသည်။

ယခင် နှစ်များက ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း၊ ပြည်လမ်းနှင့် ကန်ပတ်လမ်းအပါအဝင် မြို့တွင်း နေရာ အတော်များများတွင် မဏ္ဍပ်များထိုးကာ စီးပွားဖြစ်ရောင်းချခဲ့ကြပြီး လက်မှတ်ခ ဈေးနှုန်းမှာ သိန်းနှင့်ချီ ပေါက် ဈေးရှိခဲ့သည်။

အစိုးရသစ်လက်ထက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဖြိုးမင်းသိန်း တာ ဝန်ယူလာပြီးနောက် ယခုကဲ့သို့ စီးပွားရေး မဏ္ဍပ်များဆောက်လုပ်ခွင့်ကို တားမြစ်ခဲ့ခြင်း ဖြစ်သည်။

"မဏ္ဍပ် ထိုင်ခွင့် မရတော့ဘူးဆိုရင်လည်း ပုံမှန် ပြန်နေရုံပေါ့။ တစ်ခုပဲ မဏ္ဍပ်လက်မှတ်ဖိုးလေးတွေ ပြန်ပေး ပေ့ါ။ နောက်ပီးတော့ မဏ္ဍပ်တွေ ဆောက်ခွင့်ပေးတာ ဘယ်သူမှ ထိခိုက်မှု ရှိမယ်မထင်ဘူး ဖြစ်နိုင်ရင်တော့ ဆောက်ခွင့်ပေးသင့် တာပေ့ါ။ လမ်းတွေပိတ်တယ်ဆိုတာကလည်း အရင်ကတည်းက ပိတ်နေတာလေ။ အထူး အဆန်းမှ မဟုတ်တာ။ ရန်ဖြစ်တာကတော့ အစိုးရက ထိန်းသိမ်းပေ့ါ၊ ပညာပေးပေ့ါ ၊ မူးတာ သောက်တာကတော့ ဘယ်သူ့မှ ထိခိုက်မယ် မထင်ဘူး"ဟု ပြည်လမ်း Shark Wave မဏ္ဍပ်တွင် ကျပ်၇ သောင်းတန် လက်မှတ်ကြို တင်ဝယ်ယူထားသည့် ကမာရွတ်မြို့နယ် ပြည်ရိပ်မွန်(၆)ရပ်ကွက်တွင် နေထိုင်သူ ကိုမြတ်မိုးကျော်က ပြော သည်။

မတ် ၃၁ရက်နေ့က ရန်ကုန် မြို့တော် ခန်းမတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များ နှင့် ဝန်ကြီးချုပ်တွေ့ဆုံကာ ယခုကဲ့သို့ ညွှန်ကြားခဲ့ပြီး ဧပြီလ ၁ ရက်နေ့တွင် သကြန် မဏ္ဍပ်များဆောက်လုပ်ခွင့်ပြု ခြင်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ခန်းမ ၃ တွင် ကျင်းပဆောင်ရွက် အစိုး ရအဖွဲ့ တာဝန်ရှိသူများနှင့် ဆက်လက် ပြုလုပ်ခဲ့သည်။

ယခင်နှစ်က ကမ္ဘာအေးဘုရားလမ်းတွင် မဏ္ဍပ် ၁၁ခု၊ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ် ၁၃ခုနှင့် အခြား နေ ရာ တို့ တွင် မဏ္ဍပ် ၁၀ခု စုစုပေါင်း မဏ္ဍပ် ၃၄ခု ဆောက်လုပ်ခွင့် ပြုခဲ့ပြီး ယခုနှစ်တွင် မဏ္ဍပ်မည်မျှ ဆောက် လုပ် ခွင့်ပြုမည်ကို စိစစ်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required