သင်္ကြန် မတိုင်ခင် ကျင်းပမည့် Mya Yeik Nyo Thingyan Funfair

သင်္ကြန် မတိုင်ခင် ကျင်းပမည့် Mya Yeik Nyo Thingyan Funfair

ရန်ကုန်၊ ဧပြီ ၁ ။              ။ Youth SHI Entertainment မှ ပထမဆုံး အကြိမ် ဦးစီး ကျင်းပပြုလုပ်မည့် Mya Yeik Nyo Thingyan Funfair (မြရိပ်ညို Funfair) ကို ရန်ကုန်မြို့ရှိ မြရိပ်ညို ဟိုတယ်၌ ဧပြီ ၉ရက် နေ့လည် ၁နာရီမှ စတင်ပြီး ပြုလုပ်သွားမည် ဖြစ်သည်။

Youth SHI Entertainment မှ မြရိပ်ညိုတွင် ပထမဆုံးအကြိမ် ကျင်းပမည့် ဖျော်ဖြေပွဲ အစီအစဉ်အကြောင်း မီဒီယာများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို မတ်လ ၃၁ရက်တွင် ရန်ကုန်မြို့ရှိ City Star Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုပွဲတွင် Show ဖျော်ဖြေမှုများ အပြင် Skate Boards (Myanmar Skate Club) ၊ Food Stalls ၊ Graffiti (X Klub X ၊ Maobab Soul Art) ၊ Street Dance (Myanmar Street Dance) ၊ DJS တို့၏ ဖျော်ဖြေ တင်ဆက် မှုများလည်း ပါဝင်မည် ဖြစ်သည်။

Youth SHI Entertainment မှ မဂျမ်းဂျမ်းက "ဒီပွဲကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အရင်တုန်းက မြရိပ်ညို Funfair ပုံစံ ပြန်လုပ်တဲ့ အတိုင်းပါ။ အခု နောက်ပိုင်းခေတ်တွေမှာ စတိတ်ရှိုးဆို စတိတ်ရှိုးတွေပဲ ကြည့်ရတာ ဖြစ်နေတဲ့အတွက် အရင်တုန်းကလို ပုံစံမျိုးလေး ပြန်ပြီးပြချင်တယ် စတိတ်ရှိုးတစ်ခုထဲ မဟုတ်ဘဲ ရသတွေ အများကြီးထည့်ထားတဲ့အတွက် လာပျော်စေချင်တယ်" ဟု ပြောသည်။

စတိတ်ရှိုး ဖျော်ဖြေမှုတွင် ဟစ်ဟော့ အဖွဲ့ ၂၁ ဖွဲ့မှ ပါဝင် ဖျော်ဖြေ ကြမည် ဖြစ်ပြီး မျိုးကျော့မြိုင် ၊ Acid ၊ Theory ၊ Chill Session ၊ Cyclone ၊ Bigg Y ၊ စန္ဒီမြင့်လွင် ၊ အမွန်း ၊ Yak ၊ Lil'Z (Immortal) ၊ Hip ll ၊ One Way J Flowz & Ko Thu (Bushwick Boogie / UK) ၊ LAN BAR (Legendary) ၊ Trigger ၊ Jimmy Jacobs & Mr.Luffie(SME) ၊ Chilli Family ၊ Bo Htet OG KU$H & Zwe Htet Paing (P.Crew) Htet Htet ၊ New Gipsy ၊ T+l+B ၊ DJ Zaw Gyi တို့ပဲ ဖြစ်သည်။

အဆိုတော် ဘာဘူက "ဒီပွဲက ဧပြီ ၉ရက်မှာ လုပ်တဲ့ အတွက် ကျွန်တော်တို့ သြင်္ကန်သီချင်းတွေလည်းဆိုမယ်။ သြင်္ကန် အငွေ့အသက်တွေလည်းပါမယ်။ သြင်္ကန်မရောက်ခင် သြင်္ကန်အရသာကို ခံစားရမှာဖြစ်လို့ အားလုံးကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်" ဟု ပြောသည်။

Mya Yeik Nyo Thingyan Funfair ကို ဧပြီ ၉ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး လက်မှတ် တစ်စောင်လျှင် ခုနှစ်ထောင်ကျပ် သတ်မှတ်ထားပြီး လက်မှတ်များလည်း စတင် ရောင်းချနေပြီ ဖြစ်သည်။ ထိုပွဲကို နေ့လည် ၁ နာရီ မှ စတင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ည ၁၀နာရီ အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

Youth SHI Entertainment အနေဖြင့်လည်း လုပ်နေကျ သမာရိုးကျ ပွဲမျိုး မဟုတ်သည့် စတိတ်ရှိုးပွဲများ ၊ Entertainment Business များ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required