ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ နယူးဒေလီမြို့တွင် ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ နယူးဒေလီမြို့တွင် ပြုလုပ်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို CRPH နှင့် NUG Support Group India တို့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက်မှ ဖိတ်ကြားထားသူများအပြင် နယူးဒေလီမြို့တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေ သည့် မြန်မာနိုင်ငံသားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် NLD အဖွဲ့ချုပ်ကော်မတီမှ ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အတွက် ပေးပို့သည့် သ၀ဏ်လွှာကိုဖတ်ကြားခြင်း၊ မွေးနေ့အမှတ်တရစကားများပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ထို့အတူ မြန်မာပြည်အမှန်တကယ် ငြိမ်းချမ်းရေးရရှိစေရန် ဖယောင်းတိုင်ထွန်းညှိကာ ဆုတောင်းခြင်း၊ ငှက်လွတ်ခြင်း အစီအစဥ်များကို ထည့်သွင်းပြုလုပ်ခဲ့ကြသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့ ဆုတောင်းပွဲအခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများက ကျင်းပပြုလုပ်လျက်ရှိသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ဒေါ်အောင်ဆန်းစုကြည်

#မွေးနေ့

#နယူးဒေလီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required