လမ်းခွဲတော့မယ်လို့ သတင်းထွက်ပြီးနောက် လီအမ်ဟမ်စ်ဝပ်ဟာ သူမရဲ့လက်တွဲဖော်လို့ ယုံကြည်တယ်လို့ ပြောလာတဲ့ မိုင်လေ

လမ်းခွဲတော့မယ်လို့ သတင်းထွက်ပြီးနောက် လီအမ်ဟမ်စ်ဝပ်ဟာ သူမရဲ့လက်တွဲဖော်လို့ ယုံကြည်တယ်လို့ ပြောလာတဲ့ မိုင်လေ

မိုင်လေဆိုင်းရက်စ်နှင့် လီအမ်ဟမ်စ်ဝပ်တို့နှစ်ဦးသည်  ပြန်တွဲခဲ့ပြီးနောက် လပေါင်းများစွာအကြာတွင် လမ်းခွဲပြတ်စဲတော့မည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်ခဲ့သော်ငြားလည်း မိုင်လေဆိုင်းရက်စ်က လီအမ်ဟမ်စ်ဝပ်သည် ၎င်း၏ လက်တွဲဖော်ဖြစ်ကြောင်းနှင့် လက်ထပ်ပွဲကို ကျင်းပသွာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် သတင်းပတ်များက မိုင်လေဆိုင်းရက်စ်တို့နှစ်ဦး စေ့စပ်ပွဲကို ဖျက်သိမ်းနိုင်ဖွယ်ရှိသည်ဟု ကောလဟာလသတင်းများ ပျံ့နှံ့ခဲ့သည်။” မိုင်လေဟာ လီအမ်ကို သူ့ဘဝရဲ့လက်တွဲဖော်လို့ ယုံကြည်တယ်။ သူမက အချစ်ကို တွေ့ရှိထားတယ်လို့ လုံးဝယုံကြည်ထားတယ်။ မိုင်လေက လီဝမ်ကို လက်ထပ်မှာပါ”ဟု သတင်းအရင်းမြစ်တစ်ခုက  HollywoodLife ကို ပြောကြားခဲ့သည်။

မိုင်လေနှင့် လီအမ်ဟမ်စ်ဝပ်တို့သည် ၂၀၁၃ ခုနှစ်အကုန်က စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ကြသော်လည်း မိုင်လေသည်  လီအမ်၏ မွေးရပ် သြစတြေးလျနိုင်ငံသို့ အလည်ပတ်သွားရောက်ခဲ့သည့် ဒီဇင်ဘာက ၎င်းတို့၏ အချစ်ဇာတ်လမ်းကို ပြန်လည်အသင်သွင်းခဲ့သည်။ ဇန်နဝါရီလက မိုင်လေသည် ၂၀၁၂ ခုနှစ်က လီအမ် လက်ထပ်ခွင့် တောင်းစဉ်က ပေးခဲ့သော လက်စွပ်ကို ဝတ်ဆင်ထားသည်ကို တွေ့ရှိခဲ့ သည်။

မိုင်လေနှင့် လီအမ်တို့သည်  ၂၀၀၉ ခုနှစ်က “ The Last Song” ဇာတ်ကား ရိုက်ကူးရာမှ ပထမဆုံး တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်အစောပိုင်းက ချစ်သူတွေအဖြစ် ပထမဆုံးအကြိမ် ကောဇော်နီပေါ် တတ်ရောက်ခဲ့သည်။ သို့ရာတွင် ၎င်းတို့နှစ်ဦးသည် တစ်နှစ်ကြာပြီးနောက်  အနုပညာလုပ်ငန်းများနှင့် အချိန်မပေးနိုင်သောကြောင့် ပထမဆုံးအကြိမ် လမ်းခွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly