လာမည့်ရွေးကောက်ပွဲ၌ ဒုတိယသက်တမ်းအတွက် ဝင်ပြိုင်မည်မဟုတ်ဟု စင်္ကာပူသမ္မတ ယာကော့ဘ် ပြော

လာမည့်ရွေးကောက်ပွဲ၌ ဒုတိယသက်တမ်းအတွက် ဝင်ပြိုင်မည်မဟုတ်ဟု စင်္ကာပူသမ္မတ ယာကော့ဘ် ပြော

စင်္ကာပူသမ္မတ ဟာလီမာ ယာကော့ဘ်သည် လာမည့် ရွေးကောက်ပွဲ၌ သမ္မတရာထူး ဒုတိယသက်တမ်းအတွက် ထပ်မံ ရွေးကောက်ခံတော့မည် မဟုတ်ကြောင်း သိရသည်။

သူမ၏ ရာထူးသက်တမ်းသည် စက်တင်ဘာ ၁၃ ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။ ပုံမှန်အားဖြင့် ခြောက်နှစ် တစ်ကြိမ် ကျင်းပသည့် သမ္မတရွေးကောက်ပွဲကို စက်တင်ဘာ ၁၃ ရက်ထက်နောက်မကျဘဲ ခေါ်ယူရမည် ဖြစ်သည်။

မဒမ် ဟာလီမာက သူမ၏ ဆုံးဖြတ်ချက်ကို မေလ ၂၉ ရက်တွင် ဖေ့ဘွတ်ခ်မှတစ်ဆင့် ကြေညာသည်။

“လာမယ့် လအနည်းငယ်လောက်ကျရင် သမ္မတရွေးကောက်ပွဲ ကျင်းပပါလိမ့်မယ်။ ကျွန်မအနေနဲ့ကတော့ အလေးအနက် စဉ်းစားသုံးသပ်ပြီးတဲ့အခါမှာ ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲမှာ ဝင်အရွေးမခံတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု သူမက ပြောသည်။

ပြီးခဲ့သည့် ခြောက်နှစ်တာအတွင်း စင်္ကာပူ၏ ရှစ်ဦးမြောက် သမ္မတအဖြစ် ထမ်းဆောင်ရသည်မှာ အင်မတန် ဂုဏ်ယူစရာ ဖြစ်ခဲ့ကြောင်း သူမက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required