ဒေါ်အောင်ဆန်းစုကြည်၏ ပုံကို ညစ်ညမ်းပုံလုပ်၍ လှောင်ပြောင်သရော်သူ ထောင်ခြောက်လ ချမှတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်၏ ပုံကို ညစ်ညမ်းပုံလုပ်၍ လှောင်ပြောင်သရော်သူ ထောင်ခြောက်လ ချမှတ်ခံရ
ဓာတ်ပုံ - စည်သူမောင်မောင်

ကန်ကြီးထောင့်၊ မတ် ၂၈ ။               ။ ကန်ကြီးထောင်မြို့၊ပြည်ခိုင်ဖြိုးပါတီ မြို့နယ်တွဲဘက် အတွင်းရေးမှူးဦးသန်းထွန်းအား ဒေါ်အောင်ဆန်းစုကြည်၏ ပုံကို ညစ်ညမ်းပုံလုပ်၍ လှောင်ပြောင်သရော် သည့်အတွက် ကန်ကြီးထောင့်မြို့နယ်တရားရုံးမှ ဆက်သွယ်ရေးပုဒ်မ၆၆(ဃ)အရ မတ်၂၈ရက်နေ့တွင်အလုပ်နှင့်ထောင်ဒဏ်၆လ အမိန့်ချမှတ်ခဲ့သည်။

"ကျွန်တော် အခြေအနေအရချုပ်ရက်နဲ့ပြည့်နေတော့ဝဋ်ကြွေပါလို့ပေးဆပ်တာလိုသဘောထားတယ်၊ဥပဒေနဲ့အညီချတာလိုထင်ပါတယ်"ဟု အမိန့်ချမှတ်ခံရသူ ဦးသန်းထွန်းက အမိန့်ချမှတ်မှုအားပြောသည်။

လူမှုကွန်ရက်ပေါ်တွင် ပြည်ခိုင်ဖြိုးမှ မြို့နယ်တွဲဘက်အတွင်းအရေးမှူးဦးသန်းထွန်းက Thu Thu အကောင့်ဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံအားညစ်ညမ်းပုံတင်ထားမှုကြောင့် ကန်ကြီးထောင့်မြို့နယ်နေ ဦးစည်သူအောင်မှ စက်တင်ဘာလ၁၇ရက်နေ့တွင် ရဲစခန်းတွင် အမှုစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို နိုဝင်ဘာ ၂၅ရက်နေ့တွင် စတင်ရားစွဲဆိုခဲ့ပြီး ရုံးချိန်၁၆ကြိမ်ချိန်းဆိုခဲ့ကာ မတ် ၂၈ရက်နေ့တွင်အမိန့်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။

"အမိန့်ချမှတ်တာ မျှတမှုရှိပါတယ်၊ချစ်သမီးတုန်းကလည်း ၆လချမှတ်ခဲ့တာပဲ၊အခု တရားဥပဒေစိုးမိုးရှိတယ်လိုမြင်ပါတယ်၊နစ်နာစေချင်လို့ တရားစွဲဆိုတာမျိုးတော့မဟုတ်ဘူး၊အမေတယောက်လိုသတ်မှတ်လိုကာကွယ်တယ်၊တန်ဖိုးထားတယ် အခုလိုခေါင်းဆောင်မျိုးပေါ်ဖို့ရှားတယ် နောက်လည်း ထပ်ကာကွယ်မယ်"ဟုတရားလိုဦိးစည်သူအောင်က ပြောသည်။

"၊ဥပဒေအညီ မှန်မှန်ကန်ကန်နဲ့ အမိန့်ချသွားတယ်၊ဆက်သွယ်ရေး ကွန်ရက်သုံးပြီး ဖေ့ဘုတ်ပေါ်မှတင်ချင်တင်မယ် ရေးချင်တာရေးမယ်ဆိုတာ အခုလိုအရေးယူခံရတာမျိုးတွေရှိမယ်ဆိုတာသိစေချင်တယ်"ဟု တရားလို ရှေနေ့ဒေါ်မြင့်သိန်းက ပြောသည်။

ပြစ်ဒဏ်တွင်ချုပ်ရက်များ အားထုတ်နှုတ်ခံစားခွင့်ပြုသည်ဟု တရားရုံးအမိန့်တွင်ပါရှိသည့်အတွက် ဧပြီ ၂၅ရက်နေ့တွင် လွတ်မြောက်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required