မုန်တိုင်းအပြီး တစ်ပတ်ကြာတဲ့အထိ ရခိုင်တွင် အကူအညီများမရသေး

23 May 2023
မုန်တိုင်းအပြီး တစ်ပတ်ကြာတဲ့အထိ ရခိုင်တွင် အကူအညီများမရသေး

ရခိုင်ပြည်ကို မိုခါ ဆိုင်ကလုန်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး တစ်ပတ်ကျော်ကြာလာတာတဲ့အထိ နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းများအပါအဝင် ပြည်တွင်းအလှူရှင်များမှ မုန်တိုင်းသင့်ပြည် သူများအတွက် စစ်ကောင်စီမှတစ်ဆင့် လှူဒါန်းထားတဲ့  အကူအညီများမှာ မုန်တိုင်းသင့် ဒေသများသို့ ရောက်ရှိလာခြင်းမရှိသေးကြောင်း မုန်တိုင်းသင့် ဒေသခံများက ပြောပါတယ်။

စစ်ကောင်စီကတော့  မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ဒန်အိုး ဒန်ခွက်၊ဆီ၊ ဆန်၊ တာပေါ်လင်ချာ၊ ဆေးဝါးနဲ့ သွပ်ပြားအပါအဝင် အသင့်စားခေါက်ဆွဲများနှင့် ရေသန့်ဆေးများကို စစ်ရေယာဉ်များ အပါအဝင် လေယာဉ်နဲ့ပါ ရခိုင်ပြည်ကို ပို့ဆောင်နေကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးအတွက် အိန္ဒိယအစိုးရ အပါအဝင် ပြည်တွင်းမှ လုပ်ငန်းရှင်များ အသင်းအဖွဲ့များက စစ်ကောင်စီကတစ်ဆင့် ဆန်အပါအဝင် အလှူငွေနှင့် ပစ္စည်းများကို လှူဒါန်းထားတာပါတယ်။

လက်ရှိအချိန် ရခိုင်ပြည်က မုန်တိုင်းသင့်ပြည်သူများမှာ အမိုးအကာနှင့် ဆန်အပါအဝင် သောက်ရေမှာ အရေး တကြီးလိုအပ်နေတဲ့ အတွက် လူမှုအဖွဲ့တစ်ချို့က အလှူရှင်များထည့်ဝင်တဲ့ ငွေနှင့် ကူညီပေး နေပေမယ့်လည်း လုံးလောက်မှုမရှိသည့်အပြင် တချို့နယ်ဘက် ဒေသများကို မည်သည့် အကူအညီပေးရေး အဖွဲ့အစည်းမှ ရောက်ရှိလာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly