မြိတ်မြို့မှာ မီတာခ ယူနစ်ဈေးတွေ လျှော့ချပေးဖို့ မြို့ခံတွေ တောင်းဆို (ရုပ်/သံ)

By ကိုရွှေမြိတ် (မဇ္ဈိမ)
22 May 2023
မြိတ်မြို့မှာ မီတာခ ယူနစ်ဈေးတွေ လျှော့ချပေးဖို့ မြို့ခံတွေ တောင်းဆို (ရုပ်/သံ)

စက်သုံးဆီ ဈေးနှုန်းတွေ ပြန်ကျဆင်းနေပေမယ့် ပုဂ္ဂလိက မီးလင်းရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Petros & Trans ကုမ္ပဏီက မြိုတ်မြို့ရဲ့ မီတာယူနစ်ဈေးတွေကို လျှော့ချပေးတာ မရှိတဲ့အပေါ် မြိုတ်မြို့ခံတွေက ဝေဖန်နေကြပါတယ်။

ပုဂ္ဂလိက မီးလင်းရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Petros & Trans ကုမ္ပဏီက တင်ဒါအောင်မြင်ပြီးနောက် လွန်ခဲ့တဲ့ ၄ နှစ်လောက်က စတင်ပြီး မြိတ်မြို့မှာ လျှပ်စစ်မီး ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။

မြိတ်မြို့ရဲ့ မိတာခဈေးနှုန်းတွေဟာ တစ်ယူနစ်ကို ၁၀၇၆ ကျပ်ရှိပြီး ဧပြီလမှာတော့ အရင်လတွေကထက် ကျပ် ၃၀ သာ လျှော့ချပေးခဲ့တာကြောင့် လက်ရှိစက်သုံးဆီဈေးအရဆိုရင် ဒီထက်ပိုလျှော့ပေးသင့်တယ်လို့ မြို့ခံတွေက ဝေဖန်နေကြပါ။

တည်းဖြတ်/တင်ဆက်= ကိုရွှေမြိတ်

စာမူတည်း = နောင်နောင်

#မြိတ်မြို့

#လျှပ်စစ်မီးမီတာခ‌

#‌ဈေးနှုန်းမြင့်တက်

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required