မိုခါမုန်တိုင်းသင့် ဒေသခံတွေကို ကူညီဖို့ မြေပြင်အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ NUG ပြော

မိုခါမုန်တိုင်းသင့် ဒေသခံတွေကို ကူညီဖို့ မြေပြင်အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ NUG ပြော

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ဒဏ်ခံခဲ့ရတဲ့ ဒေသတွေအတွက် အရေးပေါ်တုံ့ပြန်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရန်ပုံငွေ အမေရိကန်ဒေါ်လာတစ်သန်း မတည်ထားပါတယ်။ 

ဒါ့အပြင် နောက်ထပ်အကူအညီတွေကိုလည်း ပေးအပ်နိုင်ဖို့ မြေပြင်မှာရှိနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် စစ်ကောင်စီတပ်က မုန်တိုင်းတိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေတဲ့ နေရာတွေကို စစ်ကြောင်းထိုးမှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် ကူညီကယ်ဆယ်မှုတွေမှာ အခက်အခဲတချို့ ရှိနေပါတယ်။ 

မုန်တိုင်းဒဏ်သင့် ဒေသတွေကို ကူညီကယ်ဆယ်မှုတွေလုပ်ဆောင်သွားမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး NUG သမ္မတရုံး ပြောခွင့်ရ  ဦးကျော်ဇောက မဇ္စျိမကို အခုလို ပြောကြားထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required