အာဏာသိမ်းစစ်အုပ်စုရဲ့ လေကြောင်းမှ အစုလိုက် အပြုံလိုက် သတ်ဖြတ်နေမှုများကို ရပ်တန့်ဖို့ G7 ခေါင်း ဆောင်များက ချက်ချင်း အရေးယူဆောင်ရွက်ရန် မြန်မာပြည်သူများက တိုက်တွန်းတောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို အဖွဲ့ ၁၈၆ ခုက ပေးပို့ တောင်းဆိုလိုက်ကြကြောင်း သိရပါတယ်။
လာမယ့် မေလ ၁၉ ရက်နေ့မှ ၂၁ ရက်အထိ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ကျင်းပပြုလုပ်မယ့် G7 နိုင်ငံများ အစည်း အဝေးသို့ မြန်မာနိုင်ငံသားများရဲ့ အသံများကို ကိုယ်စားပြုတဲ့ တောင်းဆိုချက်များ ပါဝင်တဲ့ အိတ်ဖွင့် ပေးစာတစ်စောင်ကို အဖွဲ့အစည်း ၁၈၆ ခုက ပေးပို့လိုက်တာဖြစ်ပါတယ်။
အဆိုပါအိတ်ဖွင့်ပေးစာမှာ မြန်မာပြည်သူ ၉၀၀၀ ကျော်က ကိုယ်တိုင် ပါဝင် လက်မှတ်ရေးထိုးထားနဲ့ အတူ ပေးပို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။
အိတ်ဖွင့်ပေးစာထဲမှာတော့အကြမ်းဖက်စစ်တပ်ရဲ့ မအောင်မြင်တဲ့ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနဲ့ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများတိုးပွားလာတာကြောင့် မြန်မာနိုင်ငံသားများ အိုးအိမ်များကိုစွန့်ခွာထွက်ပြေးနေရတယ်လို့ဆိုထားပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကို တင်ပြထားပြီး အကြမ်းဖက်စစ်တပ်က လေယာဉ်ဆီများနဲ့ စစ်လက်နက်များဝယ်ယူဖို့ ဒေါ်လာငွေရရှိနိုင်တဲ့ လမ်းကြောင်းများရှိနေသမျှ ကာလပတ်လုံး အရပ်သားများအား ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေနိုင်ဦးမှာ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ ရုရှား၊ တရုတ်နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများမှ စစ်သုံး လေယာဉ်များ၊ ရဟက်ယာဉ်များနဲ့ စစ်လက်နက်ပစ္စည်းများအား ဆက်လက်ဝယ်ယူနေကြောင်းကိုလည်း ဖော်ပြထားပါတယ်။
ဒေသတွင်း အင်အားကြီးနိုင်ငံတွေက အာဆီယံနဲ့ အလုပ်မဖြစ်ဘဲ သေဆုံးနေတဲ့ အာဆီယံ ဘုံသဘောတူညီမှု ၅ ချက်အား အားရှောင်ကွင်းခဲ့ပါတယ်။