ကလေးတိုင်းက အကြမ်းဖက်မှုကင်းစင်တဲ့ ကမ္ဘာကြီးမှာ ရှင်သန်ဖို့ ထိုက်တန်ပါတယ်။

ကလေးတိုင်းက အကြမ်းဖက်မှုကင်းစင်တဲ့ ကမ္ဘာကြီးမှာ ရှင်သန်ဖို့ ထိုက်တန်ပါတယ်။

ဒါပေမဲ့ ကမ္ဘာတစ်ဝှမ်းက ကလေးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို နေ့စဉ်နေ့တိုင်း ကြုံတွေ့ခံစားနေကြရပါတယ်။ ဒီလိုအခြေအနေတွေကို ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြားထဲမှာ ကြုံတွေ့ရလေ့ရှိပါတယ်။ ဆယ်ကျော်သက်အရွယ် ယောကျ်ားလေးတွေဆိုရင် စစ်ပွဲအတွင်း အတင်းအဓမ္မ စစ်မှုထမ်းရတာ၊ မိန်းကလေးငယ်တွေဆိုရင် လိင်ပိုင်းဆိုင်ရာ အသုံးချခံရတာ စသဖြင့် ကြုံတွေ့နေကြရပါတယ်။

ကလေးတွေက အပြစ်ကင်းပြီး လူတွေအကြောင်းကို သင်ယူစဖြစ်တာကြောင့် သူတို့ကို တစ်စုံတစ်ယောက်က ထိခိုက်နာကျင်အောင် လုပ်တဲ့အခါ ပြန်မပြောပြတတ်ကြပါဘူး။ များသောအားဖြင့် ဆွေမျိုးအရင်းအချာ၊ သူငယ်ချင်း၊ အိမ်နီးချင်းစတဲ့ အနီးစပ်ဆုံးလူတွေရဲ့ ကျူးလွန်မှုကို ခံစားကြရပါတယ်။

သင်က မိဘအုပ်ထိန်းသူ ဒါမှမဟုတ် လူကြီးတစ်ယောက်ဆိုရင် ကိုယ့်ကလေးတွေကို လုံခြုံအောင် စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ကလေးတွေကို သိသင့်တဲ့ စည်းကမ်းလေးတွေကို သင်ပေးဖို့၊ မလိုလားအပ်တဲ့ အထိအတွေ့တွေကို ငြင်းဆန်ဖို့၊ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုမှာ ဆက်ဆံရေး မပြုလုပ်ဖို့ အချိန်ယူ သင်ကြားပေးပါ။ သူတို့လေးတွေအနေနဲ့ ဘယ်လိုအကြောင်းအရာကိုမဆို ပွင့်ပွင့်လင်းလင်း ပြန်ပြောပြနိုင်တယ်လို့ နှလုံးသွင်းပေးထားပါ။

ကျွန်မတို့နဲ့အတူ ကလေးသူငယ်အခွင့်အရေးတွေကို လေ့လာပြီး အကြမ်းဖက်မှုတွေ ပပျောက်သွားအောင် တွန်းလှန်လိုက်ပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required