ဆိုးလ်၊ မတ် ၂၂ ။ ။ တောင်ကိုရီးယား မင်းသမီး ဂျောင်ဆိုမင်နှင့် လီခေါင်ဆိုတို့သည် KBS2 ရုပ်သံ၏ “The Sound of Your Heart” ဇာတ်ကားသစ်တွင် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။
ယခင်က ယင်းဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်ရန် EXID အဖွဲ့ဝင် ဟန်နီသည် ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
“ဂျောင်ဆိုမင်ဟာ “The Sound of Your Heart” ဇာတ်ကားတွင် ခေါင်ဆောင်မင်းသမီးနေရာ ကနေ ပါဝင် သရုပ်ဆောင်သွားမယ်လို့ ကတိပြု ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းဟာ အမှန်ဖြစ်ပါ တယ်” ဟု မတ် ၂၂ ရက်က SM C&C အေဂျင်စီက ပြောကြားခဲ့သည်။
“The Sound of Your Heart” ဟာသဇာတ်ကားတွင် ဂျောင်ဆိုမင်သည် ဇာတ်ကောင်စ ရိုက်နှင့် လိုက်ဖက်အောင် ၎င်း၏ ပုံစံကို ဘယ်လိုပြောင်းလဲ သရုပ်ဆောင်သွားမလဲဆိုတာကို ပရိတ်သတ်များ တွေ့မြင်ရမည် ဖြစ်သည်။