တရုတ်တွင် အသက် ၁၆ နှစ်မှ ၂၄ နှစ်အကြား လူသန်း ၂၀ ခန့် အလုပ်လက်မဲ့ဖြစ်နေ

တရုတ်တွင် အသက် ၁၆ နှစ်မှ ၂၄ နှစ်အကြား လူသန်း ၂၀ ခန့် အလုပ်လက်မဲ့ဖြစ်နေ
Photo: EPA

တရုတ်မြို့ကြီးများနှင့် မြို့များရှိ အသက် ၁၆ နှစ်မှ ၂၄ နှစ်အကြား လူသန်း ၂၀ ခန့်သည် အလုပ်လက်မဲ့ဖြစ်နေကြောင်း CNN ၏ တရားဝင်စာရင်းဇယားများကိုအခြေခံ၍ တွက်ချက်မှုများက ဖော်ပြနေသည်။

တရားဝင်အချက်အလက်များအရ မြို့ပြလူငယ်လူဦးရေသည် ၁၀၇ သန်းရှိသည်။ ယင်းအချက်အလက်များတွင် ကျေးလက်အလုပ်လက်မဲ့များ မပါဝင်ပေ။

"တရုတ်တွင် လူငယ်အလုပ်လက်မဲ့နှုန်းသည် ၂၀၂၂ခုနှစ် မတ်လတွင် ၁၅ ဒသမ ၃ ရာခိုင်နှုန်း မှ ၁၈ ဒသမ ၂ ရာခိုင်နှုန်းသို့ စံချိန်တင်မြင့်တက်ခဲ့သည်။ လာမည့်လအနည်းငယ်အတွင်း ဆက်လက်မြင့်တက်နိုင်ပြီး ဇူလိုင်လ တွင် ၁၅ ဒသမ ၃ ရာခိုင်နှုန်းအထိ ရောက်ရှိလာနိုင်ကြောင်း The Hongkong Post က ဖော်ပြခဲ့သည်။

ဩဂုတ်လတွင် ၁၈ ဒသမ ၇ ရာခိုင်နှုန်းသို့ အနည်းငယ်ကျဆင်းသွားသော်လည်း အမြင့်ဆုံးအဖြစ် ဆက်လက် တည်ရှိနေသေးကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ အချက်အလက်များက ဖော်ပြနေသည်။

ကိုဗစ်ကြောင့် ဆိုးရွားစွာ အလုပ်လက်မဲ့ဖြစ်ရသဖြင့် တရုတ်နိုင်ငံသား ၅ ဦးတွင် ၁ ဦးခန့် အလုပ်လက်မဲ့ဖြစ်နေ သည်။

တရုတ်ထိပ်တန်းကုမ္ပဏီများက ဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်လိုက်ခြင်းကြောင့် နိုင်ငံသည် စီးပွားရေး ကျဆင်းမှုနှင့် ရင်ဆိုင်နေရသည်။

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူ Xiaomi ကလည်း ဝန်ထမ်းများကိုလည်း အလုပ်မှ ထုတ်ပယ်နေသည်။

ဘဏ္ဍာရေးအချက်အလက်များအရ Xiaomi က ၂၀၂၂ခုနှစ် ပထမ ၉ လတွင် ဝန်ထမ်းအင်အား ၁၉၀ဝ ခန့်ကို လျှော့ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required