တရုတ်သို့ ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့သည့် ထိပ်တန်းနိုင်ငံများတွင် ရုရှား ပါဝင်လာကြောင်း သမ္မတပူတင် ပြော

တရုတ်သို့ ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့သည့် ထိပ်တန်းနိုင်ငံများတွင် ရုရှား ပါဝင်လာကြောင်း သမ္မတပူတင် ပြော

ရုရှားသည် တရုတ်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရောင်းချသည့် ထိပ်တန်းနိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာကြောင်းနှင့် ၂၀၂၂ ခုနှစ် ပထမ ၁၁ လအတွင်း တရုတ်နိုင်ငံသို့ ဆိုက်ဘေးရီးယား ပိုက်လိုင်းမှ ဓာတ်ငွေ့ ၁၃ ဒသမ ၈ ဘီလီယံကုဗမီတာ တင်ပို့နိုင်ခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၃၀ ရက်တွင် ပြောသည်။

“ဒီနှစ် ရလဒ်တွေအရ ရုရှားဟာ တရုတ်ကို ရေနံတင်ပို့တဲ့ထိပ်တန်းနိုင်ငံတွေထဲမှာ ပါဝင်လာပါတယ် ” ဟု ပူတင်က တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အွန်လိုင်းမှပြုလုပ်သည့် အစည်းအဝေးတွင် မှတ်ချက်ပြုခဲ့သည်။

ရုရှားသည် တရုတ်နိုင်ငံအတွက် ဒုတိယအကြီးဆုံး ပိုက်လိုင်းဓာတ်ငွေ့တင်သွင်းသူနှင့် စတုတ္ထမြောက် သဘာဝဓာတ်ငွေ့ရည် (LNG) အများဆုံး တင်သွင်းသူဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ဒီဇင်ဘာလတွင် နေ့စဉ် ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့မှုသည် စာချုပ်ပါသတ်မှတ်ချက်များထက် ၁၈ ရာခိုင်နှုန်းအထက်ရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

ရုရှားက ဖေဖော်ဝါရီ ၂၄ ရက်တွင် လက်နက်ကိုင်တပ်ဖွဲ့များကို ယူကရိန်းသို့ စေလွှတ်ခဲ့သောကြောင့် အနောက် နိုင်ငံများက ရုရှားအပေါ် မကြုံစဖူး ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံသို့ ရုရှားစွမ်းအင် တင်ပို့မှုသည် သိသိသာသာ မြင့်တက်လာခဲ့သည်။

တရုတ်နိုင်ငံသို့ ရုရှား၏ စွမ်းအင်တင်ပို့မှုသည် ယခုနှစ်တွင် တန်ဖိုးအားဖြင့် ၆၄ ရာခိုင်နှုန်းတိုးလာသလို ပမာဏအားဖြင့် ၁၀ ရာခိုင်နှုန်း တိုးလာကြောင်း ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒြား နိုဗက်က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required