တရုတ်စီးပွားရေးအပေါ်ယုံကြည်မှု ၂၀၁၃ ခုနှစ် ဇန်နဝါရီနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ကျဆင်းကြောင်း စစ်တမ်းတစ်ရပ် ဖော်ပြ

တရုတ်စီးပွားရေးအပေါ်ယုံကြည်မှု ၂၀၁၃ ခုနှစ် ဇန်နဝါရီနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ကျဆင်းကြောင်း စစ်တမ်းတစ်ရပ် ဖော်ပြ

တရုတ်နိုင်ငံ၌ ကပ်ရောဂါထိန်းချုပ်ရေးစီမံချက်များ ရုတ်တရက် ဖယ်ရှားလိုက်ချိန်တွင် ကိုဗစ်-၁၉ ကူးစက်မှု များက စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိခြင်းကြောင့် နိုင်ငံ၏စီးပွားရေးအပေါ်ယုံကြည်မှုမှာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အနိမ့်ဆုံးသို့ ကျဆင်းသွားကြောင်း အရောင်းမန်နေဂျာများစစ်တမ်းတစ်ရပ်၌ ဖော်ပြထားသည်။

ကုမ္ပဏီပေါင်း ၂ ၃၀၀ မှ အရောင်းမန်နေဂျာများမေးမြန်း၍ World Economics စစ်တမ်းကို ယခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၁၆ ရက်အတွင်း ပြုလုပ်ထားခြင်းဖြစ်သည်။

တရုတ်၏ ပြည်တွင်းထုတ်ကုန်စုစုပေါင်း (ဂျီဒီပီ) သည် ယခုနှစ်တွင် ၃ ရာခိုင်နှုန်းတိုးတက်မည်ဟု မျှော်မှန်းထားသော်လည်း နှစ်ပေါင်း ၅၀ နီးပါးအတွင်း အဆိုးရွားဆုံးစွမ်းဆောင်ချက်ဖြစ်ကြောင်း စစ်တမ်းက ဖော်ပြခဲ့သည်။

"တရုတ်စီးပွားရေးတိုးတက်မှုနှုန်းဟာ သိသိသာသာနှေးကွေးသွားပြီး ၂၀၂၃ ခုနှစ်မှာ စီးပွားရေးကျဆင်းမှုဘက်ကို ဦးတည်သွားနိုင်တယ်လို့ စစ်တမ်းက အခိုင်အမာပြောထားပါတယ်" ဟု World Economicsစစ်တမ်းက ဒီဇင်ဘာ ၁၉ ရက်က ဖော်ပြခဲ့သည်။

ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အရောင်းမန်နေဂျာ အညွှန်းကိန်းများသည် အဆင့် ၅၀ အောက်တွင် ရှိနေပြီး စီးပွားရေးလုပ်ငန်းများမှာ ဒီဇင်ဘာလတွင် သိသိသာသာ ကျဆင်းသွားကြောင်း စစ်တမ်းက ပြသခဲ့သည်။

“လက်ရှိအချိန်မှာ ကိုဗစ်သက်ရောက်မှုကို ဆိုးဆိုးရွားရွားခံနေရတဲ့ ကုမ္ပဏီရာခိုင်နှုန်းဟာ မြင့်တက်လာခဲ့ပြီး စစ်တမ်းဖြေဆိုသူအားလုံးရဲ့ ထက်ဝက်ကျော်က သူတို့လုပ်ငန်းတွေဟာ တစ်နည်းနည်းနဲ့ ထိခိုက်နေတယ်လို့ ပြောကြပါတယ်” ဟု လန်ဒန်အခြေစိုက်အချက်အလက်ကောက်ယူသည့် World Economics အဖွဲ့ကပြောသည်။

တရုတ်နိုင်ငံတွင် မကြာသေးမီက ကမ္ဘာ့အပြင်းထန်ဆုံး ကိုဗစ်တိုက်ဖျက်ရေး ကန့်သတ်ချက်များနှင့် အသွားအလာပိတ်ဆို့မှုအချို့ကို ဖျက်သိမ်းခဲ့သည်။ သမ္မတရှီကျင့်ဖျင်က ကိုဗစ်စီမံချက်များကို

ကာကွယ်ပြောဆိုပေးခဲ့သော်လည်း ထိုစီမံချက်များက စီးပွားရေးကို အနှောင့်အယှက်ဖြစ်စေခဲ့ကာ ရှီ၏ ဆယ်စုနှစ်ကြာ အုပ်ချုပ်မှုအတွင်း မကြုံစဖူး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required