စည်းမျဉ်းများဖြေလျှော့ပြီးနောက် ကိုဗစ်ကူးစက်မှုလျင်မြန်စွာပျံ့နှံ့လာကြောင်း တရုတ်ထိပ်တန်း ကျွမ်းကျင်သူပြောကြား

စည်းမျဉ်းများဖြေလျှော့ပြီးနောက် ကိုဗစ်ကူးစက်မှုလျင်မြန်စွာပျံ့နှံ့လာကြောင်း တရုတ်ထိပ်တန်း ကျွမ်းကျင်သူပြောကြား

ပြင်းထန်သောကိုရိုနာဗိုင်းရပ်စ်မဟာဗျူဟာကိုအစိုးရကရုပ်သိမ်းပြီးနောက်တွင်ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု မြင့်တက်လာကြောင်း တရုတ်ထိပ်တန်းကျန်းမာရေး ကျွမ်းကျင်သူတစ်ဦးက သတိပေးလိုက်သည်ဟု နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ၁၂ရက်တွင်ဖော်ပြခဲ့သည်။

မဖြစ်မနေစမ်းသပ်မှုများကိုလျှော့ချရန်၊ကူးစက်ခံရသောလူနာများကိုနေအိမ်တွင်သီးသန့်ခွဲထားရန်နှင့်နေရာ အများ အပြားကို တပြိုက်နက်တည်း ပိတ်ဆို့ကန့်သတ်မှုများကို အဆုံးသတ်လိုက်ခြင်းကြောင့် ပေကျင်းရှိ ဈေးဆိုင်များနှင့်စားသောက်ဆိုင်များတွင်လူဝင်နည်းသွားသည်။

တရုတ်တွင်ပျံ့နှံ့နေသောအိုမီခရွန်ဗိုင်းရပ်စ်သည်လွန်စွာကူးစက်မြန်ခြင်းကြောင့်ကူးစက်မှုများမြင့်တက်လာနိုင် ကြောင်း ဒီဇင်ဘာ၁၁ရက်ကလူတွေ့မေးမြန်းခန်းတစ်ခုတွင် ထိပ်တန်း ကူးစက်ရောဂါဗေဒပညာရှင်ကျုံးနန်ရှန်းက ပြောကြားခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။ "လက်ရှိအိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲကအလွန်ကူးစက်မြန်ပါတယ်... လူတစ်ယောက်ကနေ ၂၂ယောက်အထိကူးစက်နိုင်ပါတယ်" ဟု ကပ်ရောဂါ ဖြစ်ပွားမှုကာလ တစ်လျှောက်လုံးတွင် အစိုးရ၏ ဦးဆောင်အကြံပေးတစ်ဦးဖြစ်သူကျုံကပြောကြားခဲ့သည်။

"လောလောဆယ်တရုတ်မှာကပ်ရောဂါကလျင်မြန်စွာပျံ့နှံ့နေပြီးဒီလိုအခြေအနေမျိုးမှာထိန်းချုပ်မှုတွေဘယ်လောက်ပဲပြင်းထန်နေပါစေကူးစက်မှုကွင်းဆက်ကိုလုံးဝဖြတ်တောက်ဖို့ခက်ခဲပါလိမ့်မယ်။"

တရုတ်တွင်သန်းနှင့်ချီသောသက်ကြီးရွယ်အိုများသည်ကာကွယ်ဆေးအပြည့်အဝမထိုးရသေးခြင်း၊ရန်ပုံငွေနည်းပါးသည့်ဆေးရုံများတွင်လူနာအများအပြားကိုလက်ခံနိုင်မှုအားနည်းနေခြင်းကြောင့်ယခုအခါကူးစက်မှုမြင့်တက်လာချိန်တွင်ရောဂါဖြစ်ပွားမှုကိုကိုင်တွယ်ရန်အားနည်းနေသည်။

လူ၁၀,ဝဝဝအတွက် အထူးကြပ်မတ်ကုသဆောင်တွင် ခုတင်တစ်လုံးသာရှိကြောင်း နိုင်ငံတော် ကျန်းမာရေးကော်မရှင်မှ ဆေးဘက်ဆိုင်ရာဌာနညွှန်ကြားရေးမှူး ကျောက်ယာဟူက ဒီဇင်ဘာ၉ရက်ကသတိပေးခဲ့သည်။

ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကိုကိုင်တွယ်ရန်ဆရာဝန်၁၀၆၀ဝ၀နှင့်သူနာပြု၁၇၇၇၀ဝ၀ကိုအထူးကြပ်မတ်ကုသဆောင်များသို့တာဝန်လွှဲပြောင်းပေးမည်ဖြစ်ကြောင်းသူမကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly