ဆန္ဒပြမှုများကြောင့် Apple က ထုတ်လုပ်မှုကို တရုတ်မှ ပြောင်းရွှေ့ရန် စီစဉ်

By Business standard
10 December 2022
ဆန္ဒပြမှုများကြောင့် Apple က ထုတ်လုပ်မှုကို တရုတ်မှ ပြောင်းရွှေ့ရန် စီစဉ်

Apple ကုမ္ပဏီက မကြာသေးမီရက်သတ္တပတ်များအတွင်း ထုတ်လုပ်မှုအချို့ကို တရုတ်နိုင်ငံပြင်ပသို့ ပြောင်းရွှေ့မည့် အစီအစဉ်ကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အာရှရှိ အခြားနေရာများတွင် ထုတ်ကုန်များ တပ်ဆင်ရေးအတွက် အစီအစဉ်များထပ်မံပြင်ဆင်ထားရန် ထုတ်လုပ်သူများကို မှာကြားထားသည်။

Apple သည် Foxconn Technology Group က ဦးဆောင်သည့် ထိုင်ဝမ်ပစ္စည်းတပ်ဆင်သူများအား မှီခိုမှုကို လျှော့ချရန် ကြိုးစားနေကြောင်း ဆွေးနွေးမှုများတွင် ပါဝင်သူများ၏ ပြောကြားချက်ကို Wall Street Journal က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ ကျန်ကျိုးမြို့ရှိ iPhone စက်ရုံတွင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော မတည်ငြိမ်မှုများက Apple အား ထုတ်လုပ်မှုတည်နေရာပြောင်းရွှေ့ရန် တွန်းအားဖြစ်စေခဲ့သည်။

ကျန်ကျိုးမြို့ရှိ iPhone နှင့် အခြား Apple ထုတ်ကုန်များထုတ်လုပ်သည့် Foxconn မှ စီမံခန့်ခွဲသည့် စက်ရုံတွင် လုပ်သား ၃ သိန်း ရှိသည်။

Foxconn စက်ရုံမှ စီမံခန့်ခွဲမှုအဖွဲ့က ရာသီချိန် အားလပ်ရက် မတိုင်မီ ထုတ်ကုန်မပြတ်လပ်ရေးအတွက် ဆောင်ရွက်ရင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ထိန်းချုပ်နေရချိန်တွင် တရုတ်နိုင်ငံအလယ်ပိုင်းရှိ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံတွင် နိုဝင်ဘာလနှောင်းပိုင်းက ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

အွန်လိုင်းတွင် ထွက်ပေါ်လာသည့် ဗီဒီယိုဖိုင်များ၌ အဓိကရုဏ်းနှိမ်နင်းရေးရဲများရှိနေချိန်တွင် ဆန္ဒပြသူများက "မင်းရဲ့ အခွင့်အရေးအတွက် ရပ်တည်ပါ!" ဟု ကြွေးကြော်နေကြသည်။

ဗီဒီယိုပါ ဆန္ဒပြပွဲဖြစ်ပွားသည့် တည်နေရာကို သတင်းဌာနနှင့် ဗီဒီယိုစစ်ဆေးခြင်းဝန်ဆောင်မှု Storyful မှ အတည်ပြုနိုင်ခဲ့ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required