တရုတ်တွင် စက်ရုံထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကိုဗစ်ကန့်သတ်ချက်ကြောင့် ၇ လအတွင်း အနိမ့် ဆုံးသို့ ကျဆင်း

တရုတ်တွင် စက်ရုံထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကိုဗစ်ကန့်သတ်ချက်ကြောင့် ၇ လအတွင်း အနိမ့် ဆုံးသို့ ကျဆင်း

တရုတ်တွင် တင်းကျပ်သော ကိုဗစ်-၁၉ ကန့်သတ်ချက်များနှင့် ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် စီးပွား ရေးသည် ၂၀၂၃ခုနှစ်အထိ ထိခိုက်စေမည်ဟု တရားဝင်အချက်အလက်များက ဖော်ပြခဲ့ပြီး နိုဝင်ဘာတွင် စက်ရုံ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ၇ လ တာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ကြောင်း လေ့လာသုံး သပ်သူများက ပြောကြားလိုက်သည်။

တရုတ်တွင် ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကြောင့် ပေကျင်းမြို့၏ နေရာအများအပြားတွင် ကာလကြာရှည် ပိတ်ဆို့ ကန့်သတ်မှုများ ချမှတ်ခဲ့သည်။

ပိတ်ဆို့အရေးယူမှုများသည် တရုတ်ရှိ Apple Inc (AAPL.O) ၏ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံ၏ ထုတ်လုပ် မှုကို ထိခိုက်စေခဲ့ပြီး လေ့လာသုံးသပ်သူ၏ ခန့်မှန်းချက်အရ ယခုအခါ တရုတ် ပြည်တွင်းအသားတင် ထုတ်လုပ် မှု၏ ၄ပုံ ၁ပုံခန့်ကို သက်ရောက်မှုရှိနေသည်။

တင်းကျပ်သော ကိုဗစ်-၁၉ အစီအမံများကြောင့် ရက်သတ္တပတ်ကုန်များအတွင်း မြို့အများအပြားတွင် ရှားရှား ပါးပါး လမ်းပေါ်ထွက် ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ယင်းအခြေအနေများကြောင့် တရားဝင်ကုန်ထုတ်လုပ်မှု ဝယ်ယူရေးမန်နေဂျာများအညွှန်းကိန်း (PMI) သည် အောက်တိုဘာလတွင် ၄၉ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ နိုဝင်ဘာလတွင် ၄၈ ဒသမ ဝ ရာခိုင်နှုန်းသို့ ကျဆင်း သွားပြီး ၇ လအတွင်း အနိမ့်ဆုံးဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရို(NBS) မှ နိုဝင်ဘာ ၃၀ရက်တွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရိုက်တာစစ်တမ်းတစ်ခုတွင် စီးပွားရေးပညာရှင်များက PMI သည် ၄၉ ဒသမ ဝ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်း ထားသည်။

သီးခြားအားဖြင့် ထုတ်လုပ်မှုမဟုတ်သော ဝန်ဆောင်မှုကဏ္ဍတွင် PMI သည် အောက်တိုဘာလတွင် ၄၈ ဒသမ ၇ ရာခိုင်နှုန်းမှ ၄၆ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး ၇ လအတွင်း အနိမ့်ဆုံး ဖြစ်သည်။

ရမှတ်အမှတ် ၅၀ သည် လစဉ်အခြေခံအားဖြင့် တိုးတက်မှုနှင့် ကျဆင်းမှုကို ခွဲခြားထားသည်။

ပြည်တွင်းနှင့် ပြည်ပဝယ်လိုအား ကျဆင်းခြင်းကြောင့် အမှာစာအသစ်များနှင့် ပို့ကုန်အမှာစာအသစ်များ အညွှန်းကိန်းခွဲများ ထပ်မံကျဆင်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly