ကိုဗစ်ကူးစက်မှု များလာသဖြင့် ထိန်းချုပ်ရေး အစီအမံများထပ်မံ ချမှတ်သင့်ကြောင်း တရုတ်အာဏာပိုင်များ သတိပေး

ကိုဗစ်ကူးစက်မှု များလာသဖြင့် ထိန်းချုပ်ရေး အစီအမံများထပ်မံ ချမှတ်သင့်ကြောင်း တရုတ်အာဏာပိုင်များ သတိပေး

ကိုဗစ်-၁၉ ကူးစက်မှုများမြင့်တက်မှုကြောင့် တရုတ်မြို့ကြီးများတွင် ထိန်းချုပ်မှုများ ပိုမိုတင်းကျပ်ထားသလို တရုတ် အာဏာပိုင်များက ကိုဗစ်ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုပစ်မှတ်ထားချဉ်းကပ်မှုကို ကျင့်သုံးသင့်ပြီး နောက်ထပ်အစီအမံများချမှတ်သင့်ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက နိုဝင်ဘာ ၁၀ရက်တွင် ဖော်ပြ လိုက်သည်။

တရုတ်တွင် ဧပြီနောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှု အများဆုံးနှင့် ရင်ဆိုင်နေရခြင်းက အများပြည်သူကို စိတ်ပျက်စေကာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးကို ထိခိုက်စေသည့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများ ထွက်ပေါ်လာခဲ့သည်။

ကျန်းမာရေးအာဏာပိုင်များ၏ အချက်အလက်များအရ နိုဝင်ဘာ ၉ရက်တွင် ပြည်တွင်းကူးစက်ခံရသူအသစ် ၈၈၂၄ ဦးအထိ မြင့်တက်လာခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှုမြင့်မားလာနေသော်လည်း ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆက်လက်ကိုင်စွဲမည်ဟု ထပ် တလဲလဲ ပြောကြားနေပြီး ဗိုင်းရပ်စ်မထိန်းချုပ်နိုင်ခြင်းအတွက် အပြစ်တင်ခံရမည်ကို စိုးရိမ်သော ပြည်နယ် အာဏာပိုင်များ က လွန်ကဲစွာပြုမူမှုများကြောင့် ဗဟိုအစိုးရအပေါ် ဖိအားများ တိုးလာနေသည်။

ကပ်ရောဂါဖြစ်ပွားသည့် ၃ နှစ်ခန့်အတွင်း ထောင်နှင့်ချီသော အစိုးရအရာရှိများကို ဆောင်ရွက်ချက်များ မအောင်မြင်သည့်အတွက် အပြစ်ဒဏ်ပေးခဲ့သည်။

အလယ်ပိုင်းဟိုင်နန်ပြည်နယ်ရှိ ကျန်ကျိုးကဲ့သို့သော မြို့ကြီးအချို့တွင် အစီအမံများ အကောင်အထည် ဖော်ရာတွင် တိုးတက်မှုများကို ဆင်ဟွာက ကိုးကားဖော်ပြထားသည်။

ကျန်ကျိုးရှိ အချို့သော အဆောက်အဦများတွင် ရောဂါကူးစက်မှုများ တွေ့ရှိသောအခါ အနီးပတ်ဝန်းကျင် ဧရိယာများကိုသာ ပိတ်ထားလိုက်ပြီး ရပ်ရွာတစ်ခုလုံးကို သိမ်းကျုံးမပိတ်ဆို့ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

၂၀၁၉ခုနှစ် ဒီဇင်ဘာလတွင် ဗိုင်းရပ်စ် စတင်ပေါ်ပေါက်ခဲ့သည့် တရုတ်တွင် စီးပွားရေးထိခိုက်မှုများသည် ကဏ္ဍအများစုတွင် ခံစားနေရသည်။

နိုဝင်ဘာလတွင် အလုပ်သမားများက လုပ်ငန်းခွင်ထွက်ပြေးသွားကြသဖြင့် Apple ပစ္စည်းပေးသွင်းသူနှင့် iPhone တပ်ဆင်သူ Foxconn က တင်းကျပ်သော ကိုဗစ် အစီအမံများကို မကျေနပ်ကြောင်း ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required