မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ - ၁၉ ။ ။ မက္ကဆီကို နယ်စပ်ကို တံတိုင်းခတ်ဖို့ တိုက်တွန်းမှုနဲ့ ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အမေရိကန် ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ် ထရန့်၏ ခရစ်ယာန်အယူကို မေးခွန်းထုတ်လိုက်သည်။
‘နံရံတံတိုင်းတွေ တည်ဆောက်ဖို့လောက်ပဲ တွေးနေပြီး၊ တံတားထိုးဖို့ လုံးလုံး မစဉ်းစားတဲ့လူဟာ ခရစ်ယာန်မဟုတ်ဘူး’ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားခဲ့သည်။
နယူူးယောက် စီးပွားရေးလုပ်ငန်းရှင်ကြီး ဒေါ်နယ် ထရန့်က စာရင်းမဝင်သည့် ရွှေ့ပြောင်းအခြေချ ၁၁သန်းအား နိုင်ငံမှ နှင်ထုတ်မှုကိုလည်း ထောက်ခံသည်။
သူ့ကိုယ်သူ မာနကြီးသော ခရစ်ယာန်တစ်ယောက်ဟု ခေါ်တွင်ခဲ့ပြီး ပုပ်၏ မှတ်ချက်စကားများအတွက် မက္ကဆီကိုကို အပြစ်တင်ခဲ့သလို၊ ၎င်းတို့အား မနှစ်မြို့စရာလူတွေဟုလည်း ပြောကြားခဲ့သည်။
မစ္စတာ ထရန့်က မက္ကဆီကိုမှာ အမေရိကန်ပြည်ထောင်စုသို့ မုဒိမ်းသမားများနှင့် ရာဇဝတ်ကောင်များကို တင်ပို့နေသည်ဟုလည်း စွပ်စွဲခဲ့သည်။
မက္ကဆီကိုသို့ ၆ရက်တာ အလည်အပတ်ခရီး နောက်ဆုံးနေ့တွင် ပုပ်ရဟန်းမင်းကြီးက ဒေါ်နယ်ထရန့်နှင့် ပတ်သက်၍ မှတ်ချက်စကား ပြောကြားခဲ့ခြင်းပင်ဖြစ်သည်။
သို့ရာတွင် ရီပတ်ဘလီကင်သမ္မတလောင်းအဖြစ် ထိပ်ကပြေးနေသည့် မစ္စတာထရန့်ကို အမေရိကန်များ မဲပေးသင့် မပေးသင့်ကိုမူ ပုပ်က ပြောကြားရန် ငြင်းဆန်ခဲ့သည်။.
‘ဒီလိုတွေပြောနေမယ်ဆိုရင် ဒီလူ ခရစ်ယာန်မဟုတ်ဘူးဆိုတာပဲ ပြောချင်ပါတယ်။ သူ ဒီလိုမျိုးတွေ ပြောခဲ့သလားဆိုတာကိုပဲ ကြည့်ရမှာဖြစ်ပြီး သူ့ကို သံသယအကျိုးခံစားခွင့်လေးတော့ ပေးမှာပါ’ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။