ရွေးကောက်ပွဲရက်သေချာမှ ကျင့်ဝတ်စောင့်ကြည့်ရေး ကော်မတီဖွဲ့ကာ စောင့်ကြည်မည်

ရွေးကောက်ပွဲရက်သေချာမှ ကျင့်ဝတ်စောင့်ကြည့်ရေး ကော်မတီဖွဲ့ကာ စောင့်ကြည်မည်

ရန်ကုန် ဇွန် ၂၇ ။       ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အတိအကျသိရှိရမှသာ ကျင့်ဝတ် စောင့်ကြည့်ရေး ကော်မတီကို ဖွဲ့စည်းပြီး ပါတီတို့၏ လုပ်ဆောင်မှုများကို စောင့်ကြည့်သွားရန် သဘော တူထားသည်ဟု ပါတီများနှင့် ကျင့်ဝတ်မူကြမ်းရေးစွဲရေး ကော်မတီတို့မှ သိရသည်။

ဖက်ဒရယ် ပြည်ထောင်စုပါတီ ဒုဥက္ကဌ ဦးစောသန်းမြင့်က "ကျင့်ဝတ်က ဖောက်ပြန်ရင် တရားစွဲ မရဘူး။ အပြစ်မပေးနိုင်ဘူး။ ဒါပေမယ် ကော်မတီက တစ်ဖက် ကိုယ်စားလှယ်တွေ ဟောပြောတာက လွန်ကဲရင် သတိပေးတဲ့အနေနဲ့ဆောင်ရွက်နိုင်မယ်" ဟု ပြောသည်။

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများကျင့်ဝတ်ကို နိုင်ငံရေးပါတီပေါင်း ၆၇ပါတီက ဇွန်လ ၂၆ရက် ကမာရွတ်မြို့နယ် ၊ နိုဗိုတယ် ဟိုတယ်သို့ တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်။  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီပေါင်း ၇၉ပါတီထိ မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သည်။

ကျင့်ဝတ်ရေးစွဲ ရေး ကော်မတီအဖွဲ့ဝင် ဦးကျော်ဇံသာက  "  ပါတီကိုယ်စား လှယ်တွေ အားလုံးပါတဲ့ စောင့်ကြည့်တဲ့အဖွဲ့တွေက ကျင့်ဝတ်နဲ့ ညီအောင်လုပ်မ လုပ်ကို စောင့်ကြည့်မှာပေါ့။ ဒါကရွေးကောက် ပွဲရက် သေချာသိမှာ စပြီးဖွဲ့ကြရမှာ" ဟု ဆိုသည်။

ဇွန်လ ၂၆ရက်တွင် ပါတီပေါင်း ၆၇ခုတို့ အခမ်းအနားသို့ တက်ရောက်လက်မှတ်ရေးထိုးခဲ့သော်လည်း အခမ်းအနားသို့ တက်ရောက်လက်မှတ်မထိုးနိုင်သည့် ပါတီများက နောက်ပိုင်းတွင် ဆက်လက် လက်မှတ်ရေး ထိုးကြမည်ဟု ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်အဖွဲ့ဝင် ဦးလှမောင်ချိုက မဇ္ဈိမကို ပြောသည်။

"၇၉ ပါတီလုံးက လက်မှတ်ထိုးမှာပါ။ အကုန်လုံးထိုးကြမှာ" ဟု ၎င်းကဆိုသည်။

ယင်းကျင့်ဝတ်တွင် နိဒါန်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော် ပါတီအားလုံးကိုလေးစားရန်၊ အငြင်းပွားမှုများကို ဖြေရှင်း ရာတွင် အခြားပါတီများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ ပါတီမူဝါဒများနှင့် မတူကွဲပြားမှုအားမြှင့်တင်ပေးသော မဲဆွယ်စည်း ရုံးရေး ဆောင်ရွက်ရန်၊ လုံခြုံရေး၊ တန်းတူရည်တူ ယှဉ်ပြိုင်ခွင့်ရှိသော အခြေအနေ၊ ကျားမ မတူကွဲပြားမှုနှင့် မသန်စွမ်းမှု၊ စောင့် ကြည့်လေ့လာခြင်းနှင့် အကောင်အထည်ဖော်ခြင်းဟူ၍ အခန်း ၈ခန်းထိပါဝင်ပြီး မဲဆွယ်စည်းရုံးရာတွင် လိုက်နာကျင့်သုံးကြရမည့် အချက်များကို ကျင့်ဝတ် အတွင်း အဓိက ထည့်သွင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly