မွေးရပ်မြေရှိ ကလေးဆေးရုံသို့ အမေရိကန်ဒေါ်လာ ၂ သန်း လှူဒါန်းခဲ့တဲ့ ဂျနီဖာလော်ရင့်စ်

မွေးရပ်မြေရှိ ကလေးဆေးရုံသို့ အမေရိကန်ဒေါ်လာ ၂ သန်း လှူဒါန်းခဲ့တဲ့ ဂျနီဖာလော်ရင့်စ်

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၃ ။          ။ အော်စကာဆုရှင် မင်းသမီး ဂျနီဖာလော်ရင့်စ်သည် ၎င်း၏ မွေးရပ်မြေဖြစ်သော ကန်တက်စ်ကီဒေသ လူအီဗဲလ်မြို့ရှိ  Kosair ကလေးဆေးရုံသို့ အမေရိကန်ဒေါ်လာ ၂ သန်း လှူဒါန်းခဲ့သည်။

 နှလုံးရောဂ ါအထူးကြပ်မတ်ကုသမှုဆိုင်ရာ ဂျနီဖာလော်ရင့်စ် ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ကြောင်း လော်ရင့်စ်က ဖေဖော်ဝါရီ  ၁၂ ရက်တွင် You Tube ဗီဒီယိုမှတစ်ဆင့် ကြေညာခဲ့သည်။
” အကူညီပေးဖို့အတွက် ကျွန်မ အမေရိကန်ဒေါ်လာ ၂ သန်း ကို  လှူဒါန်းခဲ့ပါတယ်”ဟု လော်ရင့်စ်က ထပ်လောင်းပြောကြားခဲ့သည်။

“ဂျနီဖာလော်ရင့်စ် ဖောင်ဒေးရှင်းရဲ့ စေတနာကောင်းတဲ့ လှူဒါန်းမှုတွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်”ဟု ဆေးရုံရှိ နှလုံးဌာန အကြီးအကဲ သောမတ်စ်ဒီကာမက်ဇ်က ပြောကြားသည်။

“ လော်ရင့်စ်က Kosair ကလေးဆေးရုံရဲ့ လုပ်ဆောင်မှုတွေအပေါ် ယုံကြည်အားကိုးတဲ့အတွက် ကျွန်တေ်ာတို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နှလုံးရောဂါ ကုသစောင့်ရှောက်မှု အစီစဉ်အတွက် သူမရဲ့ ထောက်ပံ့ကူညီမှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

နှလုံးရောဂါ ကုသစောင့်ရှောက်မှုဌာနသည် အထူးသဖြင့် နှလုံးရောဂါ ကုသစောင့်ရှောက်မှုအတွက် လိုအပ်သော  ကလေးငယ်များကို ဆေးကုသမှုများ ကျယ်ကျယ်ပြန့်ပြန့် ပေးနိုင်ရန် ရည်ရွယ်ထားသည်။ ဒီဇင်ဘာလက လော်ရင့်စ်သည် လူနာများကို အံ့သြသင့်စေရန် နှင့် ကောင်းချီသြဘာပေးရန်  ဆေးရုံသို့ အလည်ပတ်လာရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required