ဗြိတိသျှအုပ်ချုပ်ခဲ့သည့် မြို့တော်မဖြစ်ခဲ့ဖူးကြောင်း ကျောင်းသားများကို သင်ကြားပေးရန် ဟောင်ကောင်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို ပြန်လည်ရေးသားနေ

ဗြိတိသျှအုပ်ချုပ်ခဲ့သည့် မြို့တော်မဖြစ်ခဲ့ဖူးကြောင်း ကျောင်းသားများကို သင်ကြားပေးရန် ဟောင်ကောင်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို ပြန်လည်ရေးသားနေ

တရုတ်က ဟောင်ကောင်တွင် နယ်မြေစိုးမိုးရေး အားကောင်းစေရန် ကြိုးပမ်းသည့်အနေဖြင့် ဟောင်ကောင် သည် ဗြိတိန်ကိုလိုနီမဖြစ်ခဲ့ဖူးကြောင်း ကျောင်းသားများအား သင်ကြားပေးရန် ဟောင်ကောင်တွင် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များကို ပြန်လည်ရေးသားနေသည်။

နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ အတန်းအတွက် ပြဋ္ဌာန်းစာအုပ် ၄ အုပ်တွင် တရုတ်အစိုးရက ဟောင်ကောင်အား ဗြိတိန်လက်အောက်သို့ပေးအပ်သည့် ၁၉ ရာစု သဘောတူစာချုပ်များကို မည်သည့်အခါမှ အသိအမှတ် မပြု ကြောင်း ကျောင်းသားများကို သင်ကြားပေးမည်ဖြစ်ဟု South China Morning Post သတင်းတွင် ဖော်ပြထား သည်။

ပထမဘိန်းစစ်ပွဲအတွင်း ဗြိတိန်က ဟောင်ကောင်ကျွန်းကို သိမ်းယူခဲ့ပြီး နောက်ပိုင်း ၁၈၉၈ ခုနှစ်တွင် ဘုရင် စနစ်နှင့် ဆက်စပ်နယ်မြေများကို ၉၉ နှစ်ကြာ ထိန်းချုပ်ပေးသည့် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ဟောင်ကောင်ကို တရုတ်သို့ လွှဲပြောင်းပေးအပ်သည့် ၁၉၉၇ခုနှစ် ဇူလိုင် ၁ ရက်တွင် အဆိုပါ စာချုပ်များ ပြီး ဆုံးသွားပြီး ဗြိတိန်၏ ထိန်းချုပ်မှုအဆုံးသတ်ခဲ့သည်။

အာဏာရကွန်မြူနစ်ပါတီက ချင်မင်းဆက်က လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်များသည် မမျှတသောစာချုပ်များဖြစ်ကြောင်းလည်း ပြောကြားထားသည်။

အဆိုပါ ပြဋ္ဌာန်းစာအုပ်အသစ်များသည် ၂၀၁၉ခုနှစ် ဟောင်ကောင်ကို လှုပ်ခတ်သွားစေခဲ့သော ဒီမိုကရေစီလို လားသူများ၏ အကြမ်းဖက် ဆန္ဒပြမှုများအပေါ်တရုတ်အစိုးရ၏ ရပ်တည်ချက်ကို လိုက်နာမည်ဖြစ်ပြီး ယင်းဆန္ဒပြမှုများအတွက် 'ပြည်ပအင်အားစုများ' ကို အပြစ်တင်ခဲ့သည်။

စက်တင်ဘာလမှစပြီး အထက်တန်းကျောင်းသားများအား 'နိုင်ငံသားနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး' ကို သင်ကြားရန် ကျောင်းများအတွက် ကျောင်းသုံးဖတ်စာအုပ်များကို သီတင်းပတ်ကုန်တွင် ထုတ်ဝေခဲ့သည်။

ကျောင်းသားများအား ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို သင်ကြားပေးရန် ၂၀ဝ၉ခုနှစ်တွင် ရေးဆွဲထားသော လစ်ဘရယ်လေ့လာမှုသင်တန်းကို အစားထိုးရန် ယင်းအတန်းများကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required