အဆိုတော် နီတာ၊ Dဖြိုး၊ ဆိုတေးတို့၏ ရင်ဘတ်ထဲကအတိုင်း တေးအယ်ဘမ် ထွက်ရှိမည်

အဆိုတော် နီတာ၊ Dဖြိုး၊ ဆိုတေးတို့၏ ရင်ဘတ်ထဲကအတိုင်း တေးအယ်ဘမ် ထွက်ရှိမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ။            ။ ‌အဆိုတော် နီတာ၊ Dဖြိုး၊ ဆိုတေးတို့ သုံးဦး သီဆိုထားသည့် ရင်ဘတ်ထဲကအတိုင်း တေးအယ်ဘမ် Audio CD ကို ဖေဖော်ဝါရီ ၁၁ရက်တွင် BoBo Music Production မှ ဖြန့်ချိမည် ဖြစ်သည်။

ရင်ဘတ်ထဲကအတိုင်း တေးအယ်ဘမ် ထွက်ရှိမည့်အကြောင်း စာနယ်ဇင်းများ နှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဖေဖော်ဝါရီ ၈ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌  ပြုလုပ်ခဲ့သည်။

တေးရေးများ အဖြစ် သောမတ်(စ်)၊ စနို၊ ဆိုတေး၊ ဂျွန်ဟိန်း၊ တေဇာ၊ စောပိပိ၊ ဇင်ထွန်းနိုင်၊ G-စိုင်း၊ နီတာတို့ ပါဝင် ရေးသားထားသည်။

တေးသီချင်း ၁၄ပုဒ် ပါဝင်ပြီး တေးသီချင်း အားလုံးသည် ကိုယ်ပိုင်သံစဉ် တေးသီချင်းများ ဖြစ်ကာ Pop၊ R&B၊ Rock စသည့် တေးသီချင်း ပုံစံများ ပါဝင်သည်။

အဆိုတော် နီတာက "ကျွန်တော်တို့ ၃ယောက်က သူငယ်ချင်းလည်း ဖြစ်တယ်။ ၃ယောက်တွဲပြီး အခွေ လုပ်လိုက်ရင် ပရိသတ်တွေလည်း ကျွန်တော်တို့ ၃ယောက် ရဲ့ သီချင်းတွေကို တစ်စုတစ်စည်းထဲ နားထောင်ရမယ်။ အဲတာကြောင့် လုပ်ဖြစ်သွားတာပါ" ဟု ပြောသည်။

ရင်ဘတ်ထဲကအတိုင်း တေးအယ်ဘမ် ပရိုမိုးရှင်းကို ဖေဖော်ဝါရီ ၁၄ရက်တွင် မန္တလေးမြို့ရှိ မင်္ဂလာမန္တလေး ရှော့ပင်းမောတွင် ပြုလုပ်မည် ဖြစ်ပြီး မတ်လ ၆ရက်တွင် ရန်ကုန်မြို့ရှိ  Happy World တွင် အမှတ်တရ လက်မှတ် ရေးထိုးပြီး သီဆိုဖျော်ဖြေမည်။

မတ်လ ၂၃ရက်တွင် ရန်ကုန်မြို့ရှိ လှည်းတန်းစင်တာတွင် အနုပညာရှင်များနှင့် အတူ အမှတ်တရလက်မှတ် ရေးထိုးပြီး သီဆိုဖျော်ဖြေမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required