ဝေါလေမြိုင်မြို့နယ် ရဲစခန်းမှဖမ်းမိခဲ့သူများကို KNDO ဗဟိုဌာနချုပ်ထံ လွှဲပြောင်းပေး

ဝေါလေမြိုင်မြို့နယ် ရဲစခန်းမှဖမ်းမိခဲ့သူများကို KNDO ဗဟိုဌာနချုပ်ထံ လွှဲပြောင်းပေး

ရိုက်ကူး၊ တည်းဖြတ် − ဟန်ထူးဇော်

 

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ မြဝတီခရိုင် ဝေါလေမြိုင်မြို့နယ် ရဲစခန်းတွင် ဖမ်းမိခဲ့သူများနှင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်များကို KNDO ဗဟိုဌာနချုပ်ထံ KNDO အထူးကွန်မန်ဒိုတပ်ရင်းက လွှဲပြောင်း ပေးအပ်လိုက်သည်။

 

ဇွန်လ ၁၆ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် KNDO ဗဟိုဌာနချုပ်၊ ဗိုလ်ချုပ်စောနယ်ဒါးမြထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

ဝေါလေမြိုင်မြို့နယ် ရဲစခန်းကို KNDO အထူးကွန်မန်ဒိုတပ်ရင်းနှင့် ဆင်ဖြူစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဇွန်လ ၁၃ ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင်  တိုက်ခိုက် သိမ်းယူနိုင်ခဲ့သည်။

 

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးခံထားရသည့် PDF ကိုး ဦးကို ကယ်ထုတ်နိုင်ခဲ့သည့်အပြင်  ရဲတပ်ကြပ်အပါဝင် ငါးဦးနှင့် ၎င်းတို့ မိသားစုဝင်များကိုပါ ဖမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

 

ဗိုလ်ချုပ်စောနယ်ဒါးမြမှ ဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းခဲ့ပြီး ၎င်းတို့ဆက်လက်၍ရပ်တည်နိုင်ရန် ကူညီမှုများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဝေါလေမြိုင် စခန်းသိမ်းတိုက်ပွဲတွင် ၆၀ မမ ကွန်မန်ဒို တစ်လက်၊ G3 နှစ်လက်၊ G4 တစ်လက်၊ BA 93 သုံးလက်၊ ခြောက်လုံးပြူး တစ်လက်၊ ၇.၇၆ ကျည် ၇၁၀ တောင့်၊ 9 mm ကျည် ၃၆ တောင့်၊ ၆၀ မမ ဗုံးသီး ၁၈လုံး၊ G3 ကျည်အိမ် ခြောက်ကတ်၊ အူဇီကျည်အိမ် နှစ်ကတ်၊ လက်ထိပ် နှစ်စုံ၊ ဓာတ်မီး နှစ်ခု၊ ဓား လေးလက်၊ ပါဝါဘဏ် နှစ်လုံး၊ ဆက်သွယ်ရေးအထိုင်စက် တစ်လုံးနှင့် ရဲတပ်ဖွဲ့ဝင် အိတ်ဆောင်ကတ်ပြား တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required