ဝန်ထမ်းရေးရာ စီမံခန့်ခွဲရေး ကျွမ်းကျင်ဝန်ထမ်းရှားပါး

ဝန်ထမ်းရေးရာ စီမံခန့်ခွဲရေး ကျွမ်းကျင်ဝန်ထမ်းရှားပါး
ဓာတ်ပုံ-ဖြိုးသီဟ

ရန်ကုန်၊ဖေဖော်ဝါရီ ၆ ။            ။ HR ခေါ်လူသားစွမ်းအားအရင်းအမြစ်တိုးတက်အောင် စီမံခန့်ခွဲတတ်သည့် ကျွမ်းကျွင်ဝန်ထမ်းအရေအတွက်သည် မြန်မာနိုင်ငံကကုမ္ပဏီများအတွက် ရှားပါးနေကြောင်း အလုပ်အကိုင်ဈေးကွက်တစ်ချို့ကနေသိရသည်။

နိုင်ငံရေးအပြောင်းအလဲနှင့်ပွင့်သစ်စ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းသစ်များ အတိုင်းအတာတစ်ခုအထိခေါ်ယူနေခြင်းများရှိသော်လည်း  ဝန်ထမ်းရေးရာစီမံခန့်ခွဲရေးအပိုင်းများတွင် လာရောက်လျှောက်ထားသူတွေ နည်းပါးနေဆဲဖြစ်ကြောင်း သိရသည်။

"ပညာရှင်အပိုင်းနဲ့ Management နယ်ပယ်ကျတော့ နည်းနည်းလေးခက်ခဲတယ်ဆိုတာကကျတော့ ညီမတို့ဆီမှာVacancy တွေပေါတယ်။Vacancy Open တွေလုပ်ထားတယ်။ ဒါပေမဲ့ လျှောက်တဲ့လူတွေက မရှိကျဘူး။ ပြီးလို့ရှိရင်လည်း Expected salaryကလည်းတအားမြင့်တဲ့အခါကျတော့ ညီမတို့ အခက်အခဲရှိတာပေါ့နော်။" ROCKETINTERNET  ကုမ္ပဏီ၏ ဝန်ထမ်းရေးရာမှ တာဝန်ရှိသူဖြစ်သည့်  မငြိမ်းငြိမ်းထက်အောင် ပြောသည်။

ယင်းအပြင် လာရောက်လျှောက်ထားသူများတွင် စာတွေ့သမားများနေပြီး လက်တွေ့ကျကျလုပ်ကိုင်နိုင်မည့်သူ နည်းကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အနေဖြင့် ၂၀၁၅ ခုနှစ်အတွင်း ဝန်ထမ်းရေးရာစီမံခန့်ခွဲရေး ရာထူးအတွက် အလုပ်အကိုင်အခွင့်အလမ်း ၃၅၀ ကိုခေါ်ယူသော်လည်း လာရောက်လျှောက်ထားသူ ၁၉၀ သာရှိခဲ့ကြောင်း ၎င်းကပြောသည်။

"သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအတွက် ဝန်းထမ်းခေါ်ယူဖို့ Myjobs.com တို့ Jobsness.com တို့ စတဲ့ Jobs seeker တွေဆီကနေ ကျွန်မတို့ရှာပါတယ်။ ကျွန်မတို့ရဲ့ Website မှာလည်း   ကြော်ငြာပါတယ်။   သတင်းစာတွေမှာ လည်းကြော်ငြာပြီးတော့ ခေါ်ယူပါတယ်ရှင့်။ ဒါပေမယ့်တစ်ချို့ သောနည်းပညာနဲ့ပါတ်သတ်ပြီးတော့ ကျွမ်းကျင်သတ်မှတ်ထားတဲ့ တစ်ချို့အပိုင်းသီးခြား သတ်မှတ်ထားတဲ့ အရေအချင်းရှိတဲ့အပိုင်းတွေကြတော့ CV ရဖို့ အရမ်းခက် ပါတယ်။" မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ ဝန်ထမ်းရေးရာစီမံခန့်ခွဲရေးဌာန အထွေထွေမန်နေဂျာ ဒေါ်ရှုအေး ကပြောသည်။

ဝန်ထမ်းဦးရေ ၅၀တွင် စီမံခန့်ခွဲပေးနိုင်သူ တစ်ဦးရှိသင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူသားစွမ်းအားဖွံ့ဖြိုးတိုးတက် ရေးဌာနများကို သီးသန့်ထားမှုအားနည်းနေသေးကြောင်း၊ယင်းအပြင် ကျွမ်းကျင်နားလည်းသူလည်း လိုအပ်နေသေးကြောင်း စီးပွားရေးစီမံခန့်ခွဲမှုနှင့်လူသားစွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးဘာသာရပ်များသင်ကြားပေးနေသူ MHRသင်တန်းကျောင်းမှ ကျောင်းအုပ် ဦးကျော်အေး ကသုံးသပ်သည်။

"ဒီ HR နဲ့ဆိုင်တဲ့သင်တန်းတွေကိုဘာသာအခွဲတွေကိုအပြည့်အစုံသင်တာက မြန်မာပြည်မှာABE လက်မှတ်တစ်ခုဘဲရှိတယ်။ ရှိတဲ့ABEလက်မှတ်ကလည်း မြန်မာပြည်မှာရှိတဲ့ ABEသင်တန်းကျောင်း ၈ ကျောင်းမှာ MHR တစ်ကျောင်းထဲမှာဘဲသင် တယ်။အဲတော့ တစ်တန်းတစ်တန်းကိုလူဆယ်ယောက်၊ဆယ်ငါးယောက်လောက်ဘဲရှိေတော့ ဆင်းသမျှလူအားလုံးက ဆင်းတောင်မဆင်းသေးဘူး၊ ကုမ္ပဏီတွေကလာခေါ်နေပြီဆိုတော့ မြန်မာစကားပုံနဲ့ပြောရင် အိပ်ပေါက်နဲ့ ဖားကောက်တယ် ပြောမလားသမင်းမွေးရင် ကျားစားရင်းပြောမလား   မွေးထုတ်ရတာ မလုံလောက်ဘူး။" ဦးကျော်အေး ကဆိုသည်။

မြန်မာနိုင်ငံတွင် ကုမ္ပဏီပေါင်းလေးသောင်းကျော်ရှိနေပြီး စီမံခန့်ခွဲရေးသင်တန်းပြီး မြောက်အောင်မြင်သူက အတန်းတစ်တန်းတွင် ၁၀ ယောက်ဝန်းကျင်သာရှိနေသည့်အတွက်  လိုအပ်ချက်ကို   ဖြည်ဆည်းနိုင်ရန် အချိန်ယူသွားရမည်ဖြစ်ကြောင်း ဦးအေးကျော်က ရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required