အပြည်ပြည်ဆိုင်ရာ ဒုတိယစီးပွားရေးဇုန် စီမံကိန်း စဖော်နေပြီ

အပြည်ပြည်ဆိုင်ရာ ဒုတိယစီးပွားရေးဇုန် စီမံကိန်း စဖော်နေပြီ
ဓာတ်ပုံ - မျိုးမင်းသိန်း (မရမ်းကုန်း)  ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ဒုတိယဗဟိုစီးပွားရေးဇုန်ပုံစံ

ဖေဖော်ဝါရီ ၄ ရက် ။          ။ ကန်ဒေါ်လာ သန်း ၃၅၀ ကျော်အကုန်ခံမည့် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ဒုတိယစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့် ကို စတင်နေပြီဖြစ်သည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ ရန်ကုန်မြို့တော် စည်ပင်ကော်မတီပိုင် ၃၆ ဒဿမ ၅၅၁ ဧကကျယ်မြေကွက်ပေါ်၌ First Myanmar Construction ကုမ္ပဏီ က အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

စီမံကိန်းကို ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ခွင့်ပြုညွှန်ကြားမှုဖြင့် ဖေဖော်ဝါရီ ပထမပတ်မှ စတင်နေခြင်းဖြစ်ပြီး စီမံကိန်းကာလ ၅ နှစ် ကြာမည်ဟု ခန့်မှန်းထားကြောင်း နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြသည်။

လက်ရှိ မင်းဓမ္မလမ်း MCC ခန်းမထက် ခြောက်ဆပိုကြီးသော MCC ခန်းမကြီး တည်ဆောက်ရန်အတွက် မြေညှိ၊ မြေတူး၊ မြေထိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဟုဆိုသည်။

စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းကို မြန်မာ၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံများမှ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ကြ မည်ဖြစ်ပြီး ဟိုတယ်ကြီးများ၊ ကုမ္ပဏီရုံးခန်းများ၊ စီးပွားရေးလုပ်ငန်းရုံးများ၊ ဈေးဝယ်စင်တာများသာမက စီမံကိန်းတစ်ခုလုံး အတွက် ကားအစီးရေ ၅၀၀၀ ရပ်နားနိုင်သော မြေအောက်သုံးထပ်ကားပါကင် တစ်ခုလည်း ပါဝင်မည်ဟု သိရသည်။

စီမံကိန်းဆောင်ရွက်နေသည့် ယင်းရန်ကုန်မြို့တော် စည်ပင်ကော်မတီပိုင်မြေတွင် ယခင်က ပန်းဥယာဉ်ပြခန်းများရှိခဲ့ပြီး စီမံကိန်းကြောင့် သာကေတနှင့် မြောက်ဥက္ကလာဘက်များသို့   ရွှေ့ပြောင်းသွားခဲ့ကြရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required