အဆိုတော် Mariah Carey နှင့် သြစတြေးလျ ဘီလျံနာ James Packer စေ့စပ်

အဆိုတော် Mariah Carey နှင့် သြစတြေးလျ ဘီလျံနာ James Packer စေ့စပ်

နာမည်ကျော် အမေရိကန်ပေါ့ပ်ကြယ်ပွင့် Mariah Carey နှင့် သြစတြေးလျ ဘီလျံနာ James Packer တို့ နှစ်ဦးမှာ စေ့စပ်လိုက်ကြပြီ ဖြစ်သည်။ အားလပ်ရက် တစ်ရက်၌ သူတို့နှစ်ဦးအား အီတလီတွင် အတူတွေ့ခဲ့ကြရပြီးနောက်၊ သူတို့နှစ် ဦး ချစ်ကြိုက်နေကြကြောင်း ပြီးခဲ့သည့်နှစ် ဇွန်လတွင် အများပြည်သူကို အသိပေးခဲ့ကြခြင်း ဖြစ်သည်။

အသက် ၄၇ နှစ် အရွယ် မစ္စတာ Packer မှာ သြစတြေးလျတွင် စတုတ္ထ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ပြီး သူ၏ ပိုင်ဆိုင်မှှုပမာဏမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ ကျော် ရှိကြောင်း Forbes  မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

အသက် ၄၅ နှစ် အရွယ် အမျိုးသမီးအဆိုတော် Mariah Carey မှာ ပထမဆုံး တေးအယ်လ် ဘမ်ကို ၁၉၉၀ တွင် ထုတ်ဝေ ဖြန့်ချိခဲ့ခြင်းဖြစ်ကာ တေးအယ်လ်ဘမ် အရောင်းရဆုံး အနုပညာရှင်များ စာရင်းတွင် ပါဝင်လျက်ရှိသည်။

မစ္စတာ Packer မှာ သူ၏ ဒုတိယ ဇနီးဖြစ်သူ ဖက်ရှင်မယ် Erica Baxter နှင့် ၂၀၁၃ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ အဆိုတော် Carey မှာ “America's Got Talent” အစီအစဉ် တင်ဆက်သူ Nick Cannon နှင့် ၂၀၁၄ ခုနှစ်တွင် လမ်းခွဲခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required