Spike အမှတ်တံဆိပ် ၏ Spike Sales Centre အသစ်ကို ဗညားဒလလမ်းတွင် ဖွင့်လှစ်

Spike အမှတ်တံဆိပ် ၏ Spike Sales Centre အသစ်ကို ဗညားဒလလမ်းတွင် ဖွင့်လှစ်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ။          ။ အမျိုးသမီးများ ကြိုက်နှစ်သက်သည့် Spike အမှတ်တံဆိပ် အင်္ကျီဆိုင်သစ် အထပ် ၈ထပ်ခွဲရှိသည့် Spike Sales Centre သစ်ကြီး ကို ဇန်နဝါရီ ၂၁ရက်တွင် ရန်ကုန်မြို့ တာမွေမြို့နယ် ဗညားဒလလမ်းရှိ အမှတ် (၁၈၉) တွင် စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

Spike အမှတ်တံဆိပ်ကို ချိုချိုဖြူ ကုမ္ပဏီလီမိတက် မှ ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် စတင် ထုတ်လုပ်ဖြန့်ချိ ရောင်းချ ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ၉နှစ်ကျော် ကာလကို ဖြတ်သန်းပြီး ကိုယ်ပိုင်ရေးဆွဲ ထုတ်လုပ်သည့် ဒီဇိုင်းပေါင်း ၃၂၀၀ကျော် ကို ထုတ်လုပ်ခဲ့ပြီး ဖြစ်သည်။

ယခုအခါတွင် လက်လီ၊ လက်ကား ဝယ်ယူ အားပေးသည့် သူများအတွက် နေရာ ကြပ်တည်းခြင်း၊ သက်တောင့်သက်သာ မရှိခြင်း စသည့် အခက်အခဲတွေ မကြုံတွေ့ရအောင် တစ်နေရာထဲတွင် ဒီဇိုင်းစုံလင်စွာ ဝယ်ယူရရှိ နိုင်အောင် Spike Sales Centre သစ်ကြီးကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

Spike Sales Centreက လူကြီးဝတ်၊ လူငယ်ဝတ်များအတွက် လျော့ဈေး ၃၅% ၊ ၄၀% ၊ ၄၅% အသီးသီး လျော့ချကာ Special Discount ဖြင့် ရောင်းချပေးနေသည်ဟုလည်း သိရသည်။

Spike Sales Centre ဖွင့်လှစ်သည့် အထိမ်းအမှတ် အနေဖြင့် ဇန်နဝါရီ ၂၁ရက်တွင် ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသည့် ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ဖွေးဖွေး၊ အဆိုတော် သရုပ်ဆောင် နန်းခင်ဇေယျာ၊ မော်ဒယ် သရုပ်ဆောင် ပိုးအိအိခန့် တို့မှ လက်မှတ် ရေးထိုးပေးကြမည် ဖြစ်သည်။

ဆိုင်ဖွင့်ပွဲ ပရိုမိုးရှင်း အနေဖြင့် လက်လီ ဝယ်ယူသူများအတွက် ဗလာမပါကံစမ်းမဲ နှင့်အတူ Retail Card ၊ Retail Member Card များ ၊ လက်ကား ဝယ်ယူသူများ အတွက် ဗလာမပါကံစမ်းမဲ နှင့်အတူ Whole Sale Member Card ၊ သတင်းစာနှင့် လက်ကမ်းစာစောင်တွင် ပါရှိသော ကြော်ငြာ ဖြတ်ပိုင်း ဖြင့် လာရောက် ဝယ်ယူပါက(10% discount) ခံစားခွင့်များ ရရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required