အငြိမ်းစားဗိုလ်ချုပ်ကြီးရွေးကောက်ပွဲဝင်မည့် မြို့နယ်တွင် ဒေသခံများအား တပ်မတော်သားဆရာဝန်တို့ အခမဲ့ဆေးကုပေးနေ

အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်း ရွေးကောက်ပွဲဝင်မည့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ဒေသခံများအား တပ်မတော်စစ်ဆေးရုံ(ကုတင် ၁၀၀၀ဆန့်)မှ တပ်မတော်သား ဆရာဝန်များ ကဇေယျာသီရိ မြို့နယ်၊ ကျောက်ချက်ရွာရှိ ဓမ္မသုခလယ်ပြင်ဦးဘုန်းကြီးကျောင်းအတွင်း အခမဲ့ဆေးကုသပေးနေသည်ကို ဩဂုတ် ၂၉ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)
မျက်လုံး၊ သွား၊ အရိုး၊ အကြော စသည့် ဝေဒနာသည်များအား ကုသပေးနေခြင်းဖြစ်ပြီး ဦးလှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေမိသားစုက ဆေးဝါးနှင့် မျက်မှန်များကို အလှူဒါနပြုပါသည်ဟု ရေးသားထားသည့် ပိုစတာကို ချိတ်ဆွဲထားသလို ဒေသခံများကိုလည်း ကြို/ပို့ စီစဉ်ပေးနေသည်ကို မဇ္ဈိမသတင်းထောက်က တွေ့ရှိခဲ့သည်။ သွားရောက်သတင်းယူချိန်တွင် ဦးလှဌေးဝင်းအား မတွေ့ရပေ။ ဦးလှဌေးဝင်းသည် တပ်မတော်မှ အငြိမ်းစားယူပြီးဖြစ်ကာ လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။